Knowledge

ဘီသွေး ပိုင်ရှင်လေးများနဲ့ လိုက်ဖက်မယ့် ဖူးစာရှင်

bblackshittawthum9790

ဘီသွေး ပိုင်ရှင်လေးများနဲ့ လိုက်ဖက်မယ့် ဖူးစာရှင်

bblackshittawthum9790

ဘီ-အေ (၂၀%)

ရှက်တတ်တဲ့ မိန်းကလေး မျိုးတွေကို ဘီသွေး ယောင်္ကျားလေး များက နှစ်သက်ကြပါတယ်တဲ့။ ဘီသွေးယောင်္ကျားလေးများရဲ့ သွက်လက်ဖျတ်လတ်မှုနဲ့ အေသွေးမိန်းကလေးများရဲ့ နူးညံ့မှုကိုပေါင်းစပ်လိုက်ရင်တော့ အရောင်လင်းလက်တဲ့ ချစ်သူ တွေ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် နှစ်ယောက်တည်းရှိနေမယ်ဆိုရင်တော့ ပိုပြီး ရင်းနှီးနိုင်ပါတယ်။ ဒါပေမယ့် လိုက်ဖက်မှုကတော့ ၂၀%ပါ။

ဘီ-ဘီ (၆၅%)

ဘီသွေး ယောင်္ကျားလေး နဲ့ ဘီသွေး မိန်းကလေး တွေ့ကြပြီ ဆိုရင်တော့ အချင်းချင်း နားလည်မှုရှိပြီးလိုက်ဖက်ပါတယ်တဲ့။ ဒီစုံတွဲကတော့ အချင်းချင်း ပျော်ရွှင်တဲ့ သူငယ်ချင်းအနေနဲ့ သော်လည်းကောင်း၊လိုက်ဖက်ညီတဲ့ စုံတွဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ချစ်သူအ ချင်းချင်း မပြောလောက်ဘူးလို့ ထင်နိုင်တဲ့စကားကြမ်းကြမ်းတွေကို ပြောနေတတ်တဲ့ စုံတွဲ တွေကို တွေ့ရင် ဘီသွေးစုံတွဲ ဖြစ်တာက များပါတယ်တဲ့။

ဘေးမှာရှိနေတဲ့ လူတွေက ဒီ စုံတွဲ ကို ကြည့်ပြီး ရန်ဖြစ်တော့မယ်လို့ စိုးရိမ်ရလောက်တဲ့ အထိပါပဲ။ဘီသွေးပိုင်ရှင်များက လွတ်လပ်မှုကို နှစ်သက်ပြီး ကိုယ်လုပ်ချင်တာကို လုပ်နေတတ်တဲ့ အတွက် ဒီအတွဲအဆင်ပြေဘို့ကတော့ တော်တော်ခက်ပါတယ်။ ရန်ဖြစ်ရင်းနဲ့ သံယောစဉ် ဖြစ်သွားနိုင်သလို အချင်းချင်းစိတ်ဆင်းရဲမှုတွေ ပေးပြီး ပြီးသွားတတ်တဲ့ အခါတွေလည်း ရှိပါတယ်တဲ့။

bblackshittawthum9790

ဘီ-အို (၈၀%)

တခါတလေတော့ ပြဿနာ အကြီးကြီး ဖြစ်တတ်တဲ့ အတွဲလည်း ဖြစ်ပါတယ်။ ပြဿနာ ဖြေရှင်းမှုလည်းသိပ်မရှိပါဘူး။ ဒါပေမယ့် ဘီသွေး ယောင်္ကျားလေး များရဲ့ တက်ကြွမှုနဲ့ အိုသွေး မိန်းကလေး များရဲ့လှုပ်ရှားမှုကို ပေါင်းစပ်လိုက်မယ်ဆိုရင်တော့ ပျော်ရွှင်ဖွယ်ကောင်းတဲ့ အချိန်လေးတွေကို ပိုင်ဆိုင်နိုင်ပါတယ်။ဒါပေမယ့် အမြဲတမ်း တစ်ခုခုကို စိတ်ပူနေရတတ်ပါတယ်။

ဒီစုံတွဲရဲ့ တူညီချက်ကတော့ အမြဲတမ်းပွဲလမ်းသဘင်ကို သွားဘို့ စိတ်လှုပ်ရှားနေသလိုမျိုး အမြဲတမ်း စိတ်လှုပ်ရှားနေတယ်ဆိုတာပါပဲ။ ဒါကြောင့်ဒီစုံတွဲ တွေ့ကြပြီဆိုရင်တော့ ကမ္ဘာမြေကြီး ပေါ်မှာ ရှိတဲ့ ပူပင်သောကမှန်သမျှကို မေ့ပြီးပျော်ရွှင်ဖွယ်ကောင်းတဲ့ အခြေအနေကို ဖန်တီးတတ်ကြပါတယ်။ တစ်ယောက်ကများ အကြံတစ်ခုလောက်ပေးလိုက်ပြီဆိုရင် နောက်တစ်ယောက်က လက်ဝါးရိုက် လက်ခံတတ်တဲ့ အတွဲလည်း ဖြစ်ပါတယ်။

ဘီ-အေဘီ (၉၀%)

bblackshittawthum9790

ဆန့်ကျင်ဘက် အဆုံးစွန် နှစ်ခု တွေ့ကြတာပါပဲ။ အချင်းချင်း လုံးဝကို မတူတဲ့ အတွက်ပတ်ဝန်းကျင် ကလူတွေက အဆင်မပြေလောက်ဘူးလို့ ထင်ကြပေမယ့် တကယ်တော့ အရမ်းကိုအဆင်ပြေပြီး အချင်းချင်း နားလည်တတ်တဲ့ အတွဲလည်း ဖြစ်ပါတယ်။

အချင်းချင်း ပေါင်းစပ်လုပ်ကိုင်နိုင်တဲ့စွမ်းရည်လည်း မြင့်မားပြီး သူများတွေအမြင်မှာ ကြက်သီးထလောက်အောင် ကဲကြသဲကြတဲ့ အတွဲလည်းဖြစ်ပါတယ်။ မြေအောက်ရထားစီတဲ့အခါမှာပဲ ဖြစ်ဖြစ် ဘတ်စ် စီးတဲ့အခါမှာပဲ ဖြစ်ဖြစ် တပူးကပ်ကပ်နဲ့ နေတဲ့အတွဲတွေက ဒီလို ဘီ-အေဘီသွေးပိုင်ရှင်များ ဖြစ်တတ်ကြပါတယ်။ ဘီသွေး ယောင်္ကျားလေး များကတော့ အေဘီသွးပိုင်ရှင် မိန်းကလေးများနဲ့ အတူတူ ရှိတဲ့အခါမှာ အမြဲတမ်း ပျော်ရွှင်နေတတ်ပါတယ်။

ကိုယ်ကိုယ်တိုင်က ကြင်ကြင်နာနာနဲ့ မဆက်ဆံတတ်ပေမယ့် ချစ်သူလုပ်တဲ့ မိန်းကလေးကချွဲနွဲ့လိုက်ရင်တော့ ကြင်ကြင်နာနာပြန် ဆက်ဆံတတ်ကြတယ်။ အေဘီသွေးပိုင်ရှင် မိန်းကလေးတွေကတော့ အရမ်း ကြင်နာဖွဲ့နွဲ့ လွန်းတဲ့ ယောင်္ကျား များ၊ မနားမနေ စကားပြောတတ်တဲ့ ယောင်္ကျားများကို သိပ်မကြိုက်လှပါဘူး။ ကိုယ်တိုင်ကသာ ယောင်္ကျားလုပ်သူကို စကား အဆက်မပြတ်ပြောချင်တတ်ပေမယ့် တဘက်သားက ပူညံပူညံ လုပ်တာကိုတော့ မကြိုက်ကြပါဘူးတဲ့။ ဒါပေမယ့် ဒီအတွဲက ဖြစ်နိုင်စွမ်း အများဆုံးပါပဲ။

မှတ်ချက်ရေးရန်

65 Shares

Comments are Closed

Powered by M.N.T

65 Shares
Share65
Tweet
Share
Pin