Knowledge

ရာသီဥတုပြောင်းလဲမှုကြောင့်နှစ်ပေါင်းများစွာအေးခဲနေတဲ့zombieဗိုင်းရပ်စ်ပိုးတွေတစ်ဖန်ပြန်ပေါ်လာပြီး ကမ္ဘာမှာ ကပ်ဘေးကြီး ကျရောက်နိုင်

ss 5

ရာသီဥတုပြောင်းလဲမှုကြောင့် နှစ်ပေါင်းများစွာ အေးခဲနေတဲ့ zombie ဗိုင်းရပ်စ်ပိုးတွေ တစ်ဖန်ပြန်ပေါ်လာပြီး ကမ္ဘာမှာ ကပ်ဘေးကြီး ကျရောက်နိုင်

ss 5

နှစ်ထောင်သောင်းများစွာ အေးခဲနေခဲ့ရာက ပြန်လည်ပေါ်ပေါက်လာမယ့် အကြီးစားဗိုင်းရပ်စ်တွေကို လူတွေအနေနဲ့ တိုက်ဖျက်နိုင်စွမ်း ရှိမှာ မဟုတ်ဘူးလို့ သိပ္ပံပညာရှင်တွေက သတိပေးပါတယ်။ အာတိတ်က ရေခဲတွေ အရည်ပျော်ကျမှုဟာ ရှေးပဝေသဏီက zombie ဗိုင်းရပ်စ်တွေ ပြန်လည်ပေါ်ထွက်လာဖို့ကို တွန်းအားပေးနေပါတယ်။ လူသားစား ဖုတ်ကောင်တွေ ဖြစ်သွားစေတဲ့ ရှေးဟောင်း zombie ဗိုင်းရပ်စ်တွေဟာ ပျမ်းမျှဗိုင်းရပ်စ်ပိုးတွေထက် အဆ ၃၀ ကြီးထွားပြီး ထိတ်လန့်ခြောက်ခြားဖွယ် ရုပ်ရှင်တွေထဲကအတိုင်း ကမ္ဘာပေါ်မှာ အကြီးအကျယ် ထိခိုက်ပျက်စီးမှုတွေ ဖြစ်လာစေနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးပါတယ်။

ss 5

ခေတ်သစ်လူသားတွေရဲ့ ခန္ဓာကိုယ်ဟာ နှစ်ပေါင်းများစွာ ရေခဲထုထဲ အေးခဲနေခဲ့တဲ့ အဲဒီ အကြီးစားဗိုင်းရပ်စ်တွေကို တိုက်ဖျက်နိုင်စွမ်း ရှိမှာ မဟုတ်ပါ။ ဒါပေမယ့် ရေခဲတွေ အရည်ပျော်ကျရာကနေ ဒီဗိုင်းရပ်စ်တွေဟာ ပြန်လည်နိုးထလာနိုင်တာ ဖြစ်ပါတယ်။ အာတိတ်စက်ဝိုင်းမှာ အလုပ်လုပ်နေတဲ့ သုတေသီတွေအနေနဲ့ အကြီးစားဗိုင်းရပ်အချို့နဲ့ အခြားရောဂါပိုးတွေ အေးခဲနေတာကို တွေ့ရှိထားပြီးပါပြီ။ ဒီလို တွေ့ရှိခြင်းဟာ တစ်ချိန်မှာ ရေခဲတွေ အရည်ပျော်တာနဲ့အတူ ဒီ ဗိုင်းရပ်စ်ပိုးတွေဟာ သမိုင်းမတင်ခင်ခေတ် သူတို့ ရှိခဲ့တုန်းကအတိုင်း ပြန်လည်သန်စွမ်းလာနိုင်တာပဲ ဖြစ်ပါတယ်။

ss 5

အဲဒီ တွေ့ရှိတဲ့ အကြီးစားဗိုင်းရပ်စ်တွေဟာ ကမ္ဘာမှာ ကြုံတွေ့ဖူးသမျှ ဘာနဲ့မှ မတူကြောင်း သိပ္ပံပညာရှင်တစ်ဦးက ဆိုပါတယ်။ရေခဲအရည်ပျော်ကျရာကနေ အကြီးစားဗိုင်းရပ်စ်ပိုး ထွက်ပေါ်လာပြီး လူကို တိုက်ခိုက်လာနိုင်စွမ်း ရှိလာပြီဆို နောက်ဆက်တွဲကတော့ အကြီးမားဆုံး ကပ်ဘေးဘဲ ဖြစ်ပြီး သက်ရှိမျိုးစိတ်တွေ ပျက်စီးသွားရနိုင်ခြေ ရှိတယ်လို့ ပညာရှင်တွေက သတိပေးပါတယ်။

ss 5

ကမ္ဘာကြီး ပူနွေးလာမှုက အာတိတ်က ရေခဲတွေ အရည်ပျော်ကျတာကို တပ်လှန့်သတိပေးအဆင့် ရောက်နေပြီး ၂၀၃၀ နှစ်တွေရဲ့ နှောင်းပိုင်းကာလ နွေရာသီတွေမှာ ရေခဲကင်းမဲ့သွားတာမျိုးအထိ ဖြစ်လာနိုင်ကြောင်း အာတိတ်ကောင်စီက မကြာသေးခင်က ထုတ်ပြန်ထားပါတယ်။ဒီလို ရေခဲမဲ့သွားမယ့် ကာလ ခြိမ်းခြောက်မှုနဲ့အတူ ရေခဲအောက်က မြေကြီးတွေ ထွက်ပေါ်လာတဲ့အခါမှာ နှစ်ပေါင်းအသီတေကြာ ရေခဲအောက် မြုပ်နှံခံထားရတဲ့ အရင်က တစ်ခါမှ မမြင်ဘူးကြတဲ့ အပင်တွေ၊ ရှေးလူသားတွေရဲ့ မပုပ်မသိုးတဲ့ ရုပ်အလောင်းတွေ ထွက်ပေါ်လာလိမ့်မှာလည်း ဖြစ်ပါတယ်။

မှတ်ချက်ရေးရန်

0 Shares

Leave a Reply

Powered by M.N.T

0 Shares
Share
Tweet
Share
Pin