News

ဖခင်ဖြစ်သူနဲ့ မဖြစ်သင့်တာဖြစ်ပြီးနောက်၊ ဖခင်ကိုပဲ ပြန်ပြီးလက်ထပ်ခဲ့တဲ့ အမျိုးသမီး

bvshgj4538574385

ဖခင်ဖြစ်သူနဲ့ မဖြစ်သင့်တာဖြစ်ပြီးနောက်၊ ဖခင်ကိုပဲ ပြန်ပြီးလက်ထပ်ခဲ့တဲ့ အမျိုးသမီး

mbvsjgh4356732654739 1

ယနေ့ခေတ်မှာ မောင်နဲ့နှမ၊ သားနဲ့အမိ၊ သမီးနဲ့ဖအေ ဇာတ်လမ်းရှုပ်တွေဟာ မကြားချင်ပဲ ကြားနေရပါတယ်။ ဒါဟာ လူတွေရဲ့ လောဘ၊ ဒေါသ၊ မောဟ အလွန်အမည်းများပြားလာခြင်းတွေရဲ့ သဘောလက္ခာရပ်တွေ ဖြစ်ပါတယ်။ အရင်တုန်းက ဒီလိုအဖြစ်တွေ ရှိခဲ့ပေမယ့်၊ အခုခေတ်က ပိုဆိုးလာပါတယ်။

Samantha Kershner အမည်ရ အသက်(၂၁)နှစ်အရွယ် အမျိုးသမီးဟာ အသက်(၄၀)အရွယ် ဖခင်ဖြစ်သူ Travis Fieldgrove ကို လက်ထပ်လိုက်ပါတယ်။ တကယ်တော့ ဒီသတင်းဟာ ဒေသခံတွေအတွက် မကြားဝံ့မနာသာ ဖြစ်စေခဲ့ပေမယ့်၊ ဒီမတိုင်ခင်မှာ ဖြစ်ထားတဲ့ အကြောင်းအရာတွေ ရှိနေပါသေးတယ်။

mbvsjgh4356732654739 1

အဖေဖြစ်သူ Travis ဟာ သမီး Kershner နဲ့ လိင်ပိုင်းဆိုင်ရာ လွန်ကျူးခဲ့တဲ့အတွက် ထောင်ဒဏ် (၂)နှစ် ချမှတ်ခံခဲ့ရပြီး၊ Kershner ကတော့ ဒီကြမ်းကြုတ်လှတဲ့ လူမှုရေးပြစ်မှုကြောင့် ဆိုင်းငံထောင်ဒဏ်(၉)လ ကျခံခဲ့ရပါတယ်။ တစ်နည်းဆိုရသော် Kershner ကတော့ ပြစ်ဒဏ်ကို ရှောင်လွှဲနိုင်ခဲ့တဲ့ သဘောပါ။

Kershner ရဲ့အဆိုအရ မအေတူဖအေကွဲ ညီမဖြစ်သူလည်း အမှုမှာပါဝင်ခဲ့ပြီး ” ဖအေနဲ့ ဘယ်သူက အရင်အိပ်ခွင့်ရမလဲ” ဆိုပြီး အလောင်းအစားလုပ်ခဲ့ရာက အခုလိုတွေ ဖြစ်လာခဲ့တာလို့ ပြောပါတယ်။ ညီမဖြစ်သူကတော့ အမှုကနေ ကွင်းလုံးကျွတ်လွတ်ခဲ့ပါတယ်။ Kershner နဲ့ Travis ဟာ အယူခံတွေ တင်ခဲ့ပြီး-

mbvsjgh4356732654739 2

Travis က ထောင်(၂)နှစ်၊ Kershner က ဆိုင်းငံ့ထောင်ဒဏ်တွေ ကျခံခဲ့ရပေမယ့် အပြင်ပြန်ရောက်လာတော့ Hastings, Adams County မှာ သူတို့တစ်တွေ လက်ထပ်လိုက်ကြပါတယ်။ ဒီလို လုပ်ရပ်တွေကြောင့် ဒေသခံတွေက ဝေဖန်သံတွေ ညံနေပေမယ့် အခုထက်ထိ သက်ဆိုင်ရာက တုန့်ပြန်မှု မရှိပါဘူး။

Kershner ရဲ့အဆိုအရ သူမရဲ့ဖခင်အရင်းဖြစ်တဲ့ Travis ကို သူမ အသက် (၁၇)နှစ်မှ ပထမဆုံး စတင်မြင်ဖူးခဲ့တာဖြစ်ကြောင်း၊ Travis တို့ဟာ သဘောထားမတိုက်ဆိုင်လို့ ဆယ်စုနှစ် နှစ်စုလောက် တွေ့ဆုံခြင်း မရှိခဲ့ပါဘူး။ အဲဒီလို ပထမဆုံးတွေ့ပြီးနောက် Travis နဲ့ Kershner တို့ ဆက်ဆံရေးက-

mbvsjgh4356732654739 2

သမီးအဖေ ဆက်ဆံရေးမဟုတ်တော့ဘဲ ထူးဆန်းတဲ့ အပြူအမူတွေ ပြုလုပ်လာလို့ မိခင်ဖြစ်သူက အမျိုးမျိးဖြောင်းပြပေမယ့် Kershner က Travis ဟာ သူမရဲ့ အဖေအရင်းမဟုတ်ဘူးလို့ ယုံကြည်ခဲ့ပါတယ်။ ဒီလိုနဲ့ လက်လွန်ခြေလွန်တွေ ဖြစ်လာတဲ့ခါ မိခင်က DNA စစ်ချက်ပြခဲ့ရာ၊ သူမရဲ့အဖေအရင်း ဖြစ်နေတယ်ဆိုတာ သိလိုက်တာပါ။

ဒါပေမယ့် နောက်ဆုံးတော့ သူတို့နှစ်ယောက်ဟာ လောကကြီးနဲ့ အရွဲ့တိုက်ကင်းကွာပြီး နှစ်ယောက်တစ်ဘဝ ထူထောင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အခုလို ဖြစ်လာစေဖို့ တွန်းအားပေးခဲ့သူကတော့ မအေတူဖအေကွဲ ညီမက မြှောက်ပေးလို့ကတစ်ကြောင်း-

mbvsjgh4356732654739 3mbvsjgh4356732654739 4

သူမနဲ့ Travis တို့ နီးစပ်သွားမှာကို Kershner က မလိုလားတာကတစ်ကြောင်း စတဲ့အချက်တွေ အခြေခံ ဖြစ်လာတာလို့ ဆိုပါတယ်။ Kershner မှာ မိခင်ရဲ့ဒုတိယအိမ်ထောင်နဲ့ရတဲ့ ညီမလေးလည်းရှိပြီး၊ သူတို့နှစ်ယောက်ဟာ အစကတည်းက ပုဂ္ဂိုလ်ရေးအရ ပြိုင်ဆိုင်မှုပြင်းထန်လို့၊ Kershner က ရွဲ့လုပ်ခဲ့တာလို့လည်း ကောက်ချက်ချနေပါတယ်။

မှတ်ချက်ရေးရန်

Comments are Closed

Powered by M.N.T

5K Shares
Share5K
Tweet
Share
Pin