News

” မင်းမိန်းမ မင်းကိုပေါင်းတော့မှာ မဟုတ်ဘူး”ပြောလို့ လူသတ်ပြီး အလောင်းဖျောက်ဖျက်သူအားဖမ်းမိ

dfhdm

” မင်းမိန်းမ မင်းကိုပေါင်းတော့မှာ မဟုတ်ဘူး”ပြောလို့ လူသတ်ပြီး အလောင်းဖျောက်ဖျက်သူအားဖမ်းမိ

dfhdm

” မင်းမိန်းမ မင်းကိုပေါင်းတော့မှာ မဟုတ်ဘူး”ပြောလို့ လူသတ်ပြီး အလောင်းဖျောက်ဖျက်သူအားဖမ်းမိ

၉-၈-၂၀၁၉ ရက်နေ့ ၁၂၃၀ အချိန်ခန့်တွင် ပြွန်တန်ဆာမြို့၊ စည်ပင်ကျေးရွာရှိ ငါးကန် ထဲတွင် ရေနစ်သေဆုံးနေသော အမျိုးသားအလောင်း(၁)လောင်း တွေ့ရှိကြောင်းသတင်းအရ ပြွန်တန်ဆာနယ်မြေရဲစခန်းမှူး ရဲအုပ် စိုးသိန်းနှင့်အဖွဲ့မှ သွားရောက်စစ်ဆေးရာ

အဆိုပါ ကန်၏ ဒိုက်ပင်အောက်တွင် အမျိုးသား(၁)ဦးအား မှောက်လျက်အနေအထားဖြင့် ပုပ်ပွလျက်သေဆုံး နေသည်ကိုတွေ့ရှိရသဖြင့် ပြွန်တန်ဆာနယ်မြေရဲစခန်းတွင် သေမှုသေခင်းဖြင့် အမှုဖွင့် ဆောင် ရွက်ခဲ့ပြီး အမှုမှ သေဆုံးသူအား မည်သူမည်ဝါဖြစ်ကြောင်း စုံစမ်း ဆောင်ရွက်ခဲ့ရာ သေဆုံးသူမှာ ဖဒိုမြို့၊ တောင်ပေါ်စုကျေးရွာနေ ဇော်ဝင်း (၄၀)နှစ် ဖြစ်ကြောင်း သိရှိရပါသည် ။

tykrdk

ဖြစ်စဉ်နှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေးအတွက် စခန်းမှူး ရဲအုပ် စိုးသိန်းနှင့်အဖွဲ့မှ စုံစမ်းဆောင်ရွက်ခဲ့ရာ သေဆုံးသူသည် ၇-၈-၂၀၁၉ ရက်နေ့ နေ့လည် ၁၂၀၀ အချိန် ခန့်တွင် စည်ပင်ကျေးရွာနေ ကိုခင်နိုင် (၄၄)နှစ်၏ နေအိမ်သို့ သွားရောက်ခဲ့ကြောင်း စုံစမ်းသိရှိရသဖြင့် ၁၁-၈-၂၀၁၉ ရက်နေ့တွင် ကိုခင်နိုင် အား ရဲစခန်းသို့ ခေါ်ယူ၍ စစ်ဆေးဆောင်ရွက်ခဲ့ပါသည် ။ ထိုသို့ စစ်ဆေး ရာ ကိုခင်နိုင် သည် သေဆုံးသူ ဇော်ဝင်းနှင့် ခင်မင်ရင်းနှီးသူဖြစ်ကြောင်း၊

tykrdk

၇-၈-၂၀၁၉ ရက်နေ့ ၁၄၀၀ အချိန်ခန့်တွင် ဇော်ဝင်းသည် ၎င်း၏နေအိမ်သို့ ရောက်ရှိလာသဖြင့် အရက်အတူ သောက်ခဲ့ ကြောင်း၊ ဇော်ဝင်းမှ ကိုခင်နိုင်အား ” မင်းမိန်းမ မင်းကို ပေါင်းတော့မှာ မဟုတ်ဘူး” ဟု ပြောသဖြင့် ကိုခင်နိုင် မှ ဆက်မပြောရန်တားမြစ်ခဲ့သော်လည်း ဇော်ဝင်းမှ ဆက်လက်ပြောဆိုနေသည့်အတွက် စကားများ ရန်ဖြစ်ပြီး ကိုခင်နိုင် မှ အနီးရှိ သစ်သားတုတ်ဖြင့် ဇော်ဝင်း၏ ဦးခေါင်းအား ရိုက်နှက်ခဲ့၍ နေအိမ်ပေါ်မှ ပြုတ်ကျသေဆုံးသွားကြောင်း၊

အလောင်းအား လှေပေါ်သို့တင်ဆောင်ပြီး စည်ပင် ကျေးရွာရှိ ငါးကန်ထဲတွင် သွားရောက် စွန့်ပစ် ဖျောက်ဖျက်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သော ကြောင့် ပြွန်တန်ဆာနယ်မြေရဲစခန်းတွင် သေမှုသေခင်းအဖြစ် အမှုဖွင့် ဆောင်ရွက်ထားရာမှ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (လူသတ်မှု) သို့ ပြောင်းလဲ အမှုဖွင့်ဆောင်ရွက်ခဲ့ပါသည် ။

tykrdk

အမှုမှ သေဆုံးသူ ဇော်ဝင်း အား ရိုက်နှက်သတ်ဖြတ်ကာ အလောင်းအား စွန့်ပစ်ဖျောက် ဖျက်သူ တရားခံ ကိုခင်နိုင် အား ၁၁-၈-၂၀၁၉ ရက်နေ့တွင် ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ဥပဒနှင့် အညီ အမြန် တရားစွဲ တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါ သည်။

ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့

မှတ်ချက်ရေးရန်

322 Shares

Comments are Closed

Powered by M.N.T

322 Shares
Share322
Tweet
Share
Pin