News

တည်းခိုခန်းတွင်​ဖောက်ပြန်နေသည့် ဇနီးနဲ့အမျိုးသားတစ်ဦးအား ခင်ပွန်းမှ အမှုဖွင့်

hujkf

တည်းခိုခန်းတွင်​ဖောက်ပြန်နေသည့် ဇနီးနဲ့အမျိုးသားတစ်ဦးအား ခင်ပွန်းမှ အမှုဖွင့်

hujkf

တည်းခိုခန်းတွင်​ဖောက်ပြန်နေသည့် ဇနီးနဲ့အမျိုးသားတစ်ဦးအား ခင်ပွန်းမှ အမှုဖွင့်

ရန်​ကုန်​တိုင်း​ဒေသကြီး၊ ရန်​ကုန်​​မြောက်​ပိုင်းခရိုင်​၊ တိုက်ကြီးမြို့နယ်​၊ ဥုပ္ပုံစုရပ်​ကွက်​၊မြ၀တီ(၂ )လမ်းတွင်​နေထိုင်သော တရားလို ကိုရန်​လင်း​အောင်​မှ ဖောက်ပြန်နေသော ဇနီး နှင့် အမျိုးသားတစ်ဦး တို့အား ​တစ်​လင်​တစ်​မယားဥပ​ဒေဖြင့်​ အရေးယူပေးရန် တိုင်တန်း လာကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။

တရားလို ကိုရန်​လင်း​အောင်​မှ ဇနီးဖြစ်​သူမနုနုခင်နှ​င့်​ လွန်​ခဲ့​သော (၁၁)နှစ်​ခန့်​ကစပြီး အိမ်​​ထောင်​ပြု၍ သား၊သမီး နှစ်ဦး ထွန်းကားခဲ့ဟု ဆိုသည်။

hujkf

၂၀၁၉ ခု ဩဂုတ် ၁၁ရက်​​နေ့ ည​နေပိုင်းတွင်​​ ဇနီးဖြစ်သူ မနုနုခင်သည် မျိုးသက်​ဦး၏ ဆိုင်​ကယ်​အား​ ပေါင်​နှံကာ ၎င်းနှင့်အတူ တည်းခိုခန်းတွင်​ အတူ​တည်းခိုနေကြောင်း​မျိုးသက်ဦး၏ ဇနီးမှ ပြောကြား၍ သိရဟု ဆိုသည်။

ဇနီးဖြစ်သူ မနုနုခင်တွင် တစ်​လမ်းထဲ(၃)အိမ်​​ကျော်​နေ သား၊သမီး နှစ်ဦး မိခင် မခိုင်သဇင်၏ ခင်ပွန်း မျိုးသက်​ဦး နှင့် ဖောက်ပြန်နေခြင်း ဖြစ်သည်။

hujkf

ဇနီးဖြစ်​သူ မနုနုခင်​အား​ မေးမြန်းရာ လွန်​ခဲ့​သော (၅)လခန့်က မျိုးသက်​ဦးနှင့်​ချစ်​ကြိုက်​ခဲ့ပြီး၊ တိုက်ကြီးမြို့နယ်​၊ ဆင်​စခန်း​ကျေးရွာအုပ်​စု၊ ကန်​သာယာ​ကျေးရွာရှိ​ ရွှေဟင်္သာတည်းခိုခန်းတွင်​ (၁၁)ကြိမ်​ခန့်​တရားမ၀င်​လင်​မယားအဖြစ်​​ ပေါင်းသင်း​နေထိုင်​ခဲ့​ကြောင်း​ ဝန်ခံခဲ့သည်ဟု ဆိုသည်။

ထိမ်းမြားမှုတည်​မြဲ​နေထိုင်​စဉ်​အတွင်း တရားမ၀င်​ လင်မယားအဖြစ်​​ပေါင်းသင်း​နေထိုင်​ခဲ့​သော ဇနီးဖြစ်​သူ မနုနုခင်​ နှင့်​ မျိုးသက်​ဦးတို့အား ဥပ​ဒေအရ အရေးယူ​ပေးရန်​တိုက်​ကြီးမြို့မရဲစခန်းသို့အမှုဖွင့်​တိုင်​ကြားခဲ့ခြင်း ဖြစ်သည်​။

hujkf

အဆိုပါဖြစ်စဉ်နှင့် ပတ်သတ်၍ ဖောက်ပြန်နေသူ မျိုးသက်​ဦး နှင့်​ မနုနုခင်​ တို့အား တိုက်​ကြီးမြို့မရဲစခန်းမှ (ပ)၁၄၉၈/၂၀၁၉၊ တစ်လင်​တစ်မယားဥပ​ဒေပုဒ်​မ(၁၃)ဖြင့် အမှုဖွင့်​ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်​။

မှတ်ချက်ရေးရန်

453 Shares

Comments are Closed

Powered by M.N.T

453 Shares
Share453
Tweet
Share
Pin