News

ဗစ်တိုးရီးယားအဖေက ဆရာတို့၊ မရွက်နုတို့ ထွက်သွားလေမလားနဲ့ အမြဲ စိတ်ပူနေရတာ…တဲ့

1 10

ဗစ်တိုးရီးယားအဖေက ဆရာတို့၊ မရွက်နုတို့ ထွက်သွားလေမလားနဲ့ အမြဲ စိတ်ပူနေရတာ…တဲ့1 10

မနက်ဖြန် ဗစ်တိုးရီးယားလေး အမှု ၈ ကြိမ်မြောက် ရုံးချိန်းစတင်မည် ဗစ်တိုးရီးယားအဖေက ဆရာတို့၊ မရွက်နုတို့ ထွက်သွားလေမလားနဲ့ ကျွန်တော့်မှာ အမြဲ စိတ်ပူနေရတာ…တဲ့

နက်ဖြန်ဆိုရင် သမီးလေးဗစ်တိုးရီးယား အမှုအတွက် ၈ ကြိမ်မြောက် ရုံးချိန်းကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီတပတ်ရုံးချိန်းမှာတော့ WH ကျောင်းက ဒေါ် ဥမ္မာလှိုင်ရဲ့ခင်ပွန်း နဲ့ သမီးလေး စီးတဲ့ WH ကျောင်းဖယ်ရီကားကို မောင်းတဲ့ ယာဉ်မောင်းနှစ်ဦးကို အဓိက ရုံးတင်စစ်ဆေးမေးမြန်းသွားမှာဖြစ်ပြီး အချိန်ရခဲ့ရင် WH ကျောင်းက စီစီတီဗွီ ရုပ်သံမှတ်တမ်းကိုင်သူတွေကိုပါ စစ်မေးနိုင်ဖွယ်ရှိတယ်လို့ သမီးဗစ်တိုးရီးယားအမှုအတွက် လိုက်ပါဆောက်ရွက်သူ သက္ကမိုးညို ရဲ့ အကောင့်မှာ ရေးသားထားတာတွေကို တွေ့ခဲ့ရပါတယ်။

သက္ကမိုးညိုရဲ့ ပို့စ်မှာတွေ့ခဲ့ရတာကတော့ သမီးလေး ဗစ်တိုးရီးယား ကလေးအဖေရဲ့ အခြေအနေဖြစ်ပါတယ်။ ဗစ်တိုးရီးယားအဖေက ”ဆရာတို့၊ မရွက်နုတို့ ထွက်သွားလေမလားနဲ့ ကျွန်တော့်မှာ အမြဲ စိတ်ပူနေရတာ…” လို့ အမှု အပေါ် နဲ့ ဒီအမှုမှာ ပါဝင်ဆောင်ရွက်ခဲ့ကြသူတွေ အားလုံးနီးပါး ပြန်လည်တရားစွဲခံခဲ့ရတဲ့ အပေါ် စိုးရိမ်ပူပန်တကြီးရှိစွာနဲ့ သက္ကမိုးညိုထံ ရင်ဖွင့်ပြောဆိုခဲ့ကြောင်း သိရပါတယ်။

Victoria လေး ဖေဖေက အဓိက ကူညီနေတဲ့သူတွေ ထားသွားမှာ၊ ဝန်းရံပေးတဲ့သူတွေ စိတ်လျော့သွားမှာ တွေးပြီး စိတ်ပူနေတာ ဖြစ်ပါတယ်။

သူ့ရဲ့ ဒီစကားကြောင့် ” အမှန်ပြောရရင် ရင်ထဲ ဆို့သွားလို့ တော်တော်နဲ့ စကားမပြောနိုင်ခဲ့ဘူး။ သူစိတ်ပူမယ်ဆိုလည်း ပူထိုက်ပါတယ်။ အကျိုးစီးပွားနဲ့ ယှဉ်လာတဲ့အခါမှာ၊ အကြောက်တရားနဲ့ ယှဉ်လာတဲ့အခါမှာ ဆွေမျိုးတွေတောင်မှ စွန့်ခွာထွက်ပြေးတတ်တဲ့သဘော၊ ဘက်ပြောင်းတတ်တဲ့သူဘောကို သူရော ကျွန်တော်ရော အထပ်ထပ် ကြုံခဲ့ပြီးပြီလေ ” လို့ သက္ကမိုးညိုက ဆို့နင့်စွာနဲ့ ရေးသားတုံ့ပြန်ခဲ့တာကို တွေ့ခဲ့ရပါတယ်။

သက္ကမိုးညိုက ဒီအကြောင်းတွေကို တွေးပြီး သမီးလေး ဖေဖေကို ပြန်ပြောခဲ့ပုံက ဒီလိုပါ။

“ခင်ဗျားသမီးလေး နေရာမှာ ကျွန်တော့် သမီးလေး ဖြစ်နေပြီးတော့ ကျွန်တော့်မှာ အကူအညီ တယောက်မှ မရှိ၊ ကုရာကယ်ရာမဲ့နေတဲ့ ဘဝကို ပြန်စဉ်းစားကြည့်မိတယ်။ အဲလို စဉ်းစားမိသမျှ ခင်ဗျားကို ကျွန်တော် မထားခဲ့ဘူး။ သမီးလေးကို ကျွန်တော် အဲဒီလို ပစ်မထားခဲ့နိုင်ဘူး။

ဘယ်ကို အကူအညီ တောင်းရမယ် မသိ၊ မျက်စိသူငယ် နားသူငယ်ဘဝနဲ့ ဟိုလူကူနိုးနိုး၊ ဒီလူ ကူနိုးနိုး ဘဝမှာ မထားခဲ့နိုင်ပါဘူး။ တခြားသူ ထားခဲ့ချင် ထားခဲ့မယ်။

ကျွန်တော် မထားဘူး၊ မထားခဲ့နိုင်ပါဘူး။

ကားထဲမှာ မှောင်နေလို့ ကျွန်တော် မျက်ရည်လည်နေတာ သူမြင်မှာ မဟုတ်ပါဘူး ”

အဲ့ဒီပို့စ်မှာ ”သမီးလေး ဖေဖေမေမေတို့ရေဝန်းရံသူတွေလဲ ဘယ်လိုခြိမ်းခြောက်မှုနဲ့မှ ဘက်မပြောင်းပါဘူး။ victoria လေးနေရာမှာ ငါ့သမီးလေးဆိုရင် ငါ့တူမလေး ငါ့မြေးလေး ငါ့တပည့်လေးဆိုပြီး ဆရာသက္ကလို တွေးမိကြလို့ပါ။ သမီးလေး အတွက် အမှန်တရား ပေါ်ပေါက်တဲ့အထိ ဝန်းရံပါ့မယ် ” ဆိုတဲ့ ဝန်းရံသူတွေရဲ့ အားတက်ဖွယ်ရာ စကားကိုလည်း မြင်တွေ့ခဲ့ရပြီး “Victoria လေး ဖေဖေက အဓိက ကူညီနေတဲ့သူတွေ ထားသွားမှာ၊ ဝန်းရံပေးတဲ့သူတွေ စိတ်လျော့သွားမှာ တွေးပြီး စိတ်ပူနေတယ်တဲ့။ အားတင်းထားပါ Victoria လေး ဖေဖေနဲ့မေမေ” လို့ သမီးလေးမိသားစု အားပေးနေသူတွေကိုလည်း မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

သမီးလေးတို့မိသားစု အားမငယ်ပါနဲ့နော် အမြဲအတူတူရှိပါတယ်လို့။ ပရိသတ်ကြီးတို့အတူ အမှန်တရားစစ်စစ်ပေါ်လာတဲ့တနေ့အထိ အတူတူရှိနေမှာပါ။

Zawgyi

ဗစ္တိုးရီးယားအေဖက ဆရာတို႔၊ မ႐ြက္ႏုတို႔ ထြက္သြားေလမလားနဲ႔ အၿမဲ စိတ္ပူေနရတာ…တဲ့1 10

မနက္​​ျဖန္ ဗစ္တိုးရီးယားေလး အမႈ ၈ ႀကိမ္ေျမာက္ ႐ုံးခ်ိန္းစတင္မည္ ဗစ္တိုးရီးယားအေဖက ဆရာတို႔၊ မ႐ြက္ႏုတို႔ ထြက္သြားေလမလားနဲ႔ ကြၽန္ေတာ့္မွာ အၿမဲ စိတ္ပူေနရတာ…တဲ့

နက္ျဖန္ဆိုရင္ သမီးေလးဗစ္တိုးရီးယား အမႈအတြက္ ၈ ႀကိမ္ေျမာက္ ႐ုံးခ်ိန္းကို ေရာက္ရွိလာၿပီ ျဖစ္ပါတယ္။ ဒီတပတ္႐ုံးခ်ိန္းမွာေတာ့ WH ေက်ာင္းက ေဒၚ ဥမၼာလႈိင္ရဲ႕ခင္ပြန္း နဲ႔ သမီးေလး စီးတဲ့ WH ေက်ာင္းဖယ္ရီကားကို ေမာင္းတဲ့ ယာဥ္ေမာင္းႏွစ္ဦးကို အဓိက ႐ုံးတင္စစ္ေဆးေမးျမန္းသြားမွာျဖစ္​ၿပီး အခ်ိန္ရခဲ့ရင္ WH ေက်ာင္းက စီစီတီဗြီ ႐ုပ္သံမွတ္တမ္းကိုင္သူေတြကိုပါ စစ္ေမးႏိုင္ဖြယ္ရွိတယ္လို႔ သမီးဗစ္တိုးရီးယားအမႈအတြက္ လိုက္ပါေဆာက္႐ြက္သူ သကၠမိုးညိဳ ရဲ႕ အေကာင့္မွာ ေရးသားထားတာေတြကို ေတြ႕ခဲ့ရပါတယ္။

သကၠမိုးညိဳရဲ႕ ပို႔စ္မွာေတြ႕ခဲ့ရတာကေတာ့ သမီးေလး ဗစ္တိုးရီးယား ကေလးအေဖရဲ႕ အေျခအေနျဖစ္ပါတယ္။ ဗစ္တိုးရီးယားအေဖက ”ဆရာတို႔၊ မ႐ြက္ႏုတို႔ ထြက္သြားေလမလားနဲ႔ ကြၽန္ေတာ့္မွာ အၿမဲ စိတ္ပူေနရတာ…” လို႔ အမႈ အေပၚ နဲ႔ ဒီအမႈမွာ ပါဝင္ေဆာင္႐ြက္ခဲ့ၾကသူေတြ အားလုံးနီးပါး ျပန္လည္တရားစြဲခံခဲ့ရတဲ့ အေပၚ စိုးရိမ္ပူပန္တႀကီးရွိစြာနဲ႔ သကၠမိုးညိဳထံ ရင္ဖြင့္ေျပာဆိုခဲ့ေၾကာင္း သိရပါတယ္။

Victoria ေလး ေဖေဖက အဓိက ကူညီေနတဲ့သူေတြ ထားသြားမွာ၊ ၀န္းရံေပးတဲ့သူေတြ စိတ္ေလ်ာ့သြားမွာ ေတြးၿပီး စိတ္ပူေနတာ ျဖစ္ပါတယ္။

သူ႔ရဲ႕ ဒီစကားေၾကာင့္ ” အမွန္ေျပာရရင္ ရင္ထဲ ဆို႔သြားလို႔ ေတာ္ေတာ္နဲ႔ စကားမေျပာႏိုင္ခဲ့ဘူး။ သူစိတ္ပူမယ္ဆိုလည္း ပူထိုက္ပါတယ္။ အက်ိဳးစီးပြားနဲ႔ ယွဥ္လာတဲ့အခါမွာ၊ အေၾကာက္တရားနဲ႔ ယွဥ္လာတဲ့အခါမွာ ေဆြမ်ိဳးေတြေတာင္မွ စြန္႔ခြာထြက္ေျပးတတ္တဲ့သေဘာ၊ ဘက္ေျပာင္းတတ္တဲ့သူေဘာကို သူေရာ ကြၽန္ေတာ္ေရာ အထပ္ထပ္ ႀကဳံခဲ့ၿပီးၿပီေလ ” လို႔ သကၠမိုးညိဳက ဆို႔နင့္စြာနဲ႔ ေရးသားတုံ႔ျပန္ခဲ့တာကို ေတြ႕ခဲ့ရပါတယ္။

သကၠမိုးညိဳက ဒီအေၾကာင္းေတြကို ေတြးၿပီး သမီးေလး ေဖေဖကို ျပန္ေျပာခဲ့ပုံက ဒီလိုပါ။

“ခင္ဗ်ားသမီးေလး ေနရာမွာ ကြၽန္ေတာ့္ သမီးေလး ျဖစ္ေနၿပီးေတာ့ ကြၽန္ေတာ့္မွာ အကူအညီ တေယာက္မွ မရွိ၊ ကုရာကယ္ရာမဲ့ေနတဲ့ ဘ၀ကို ျပန္စဥ္းစားၾကည့္မိတယ္။ အဲလို စဥ္းစားမိသမွ် ခင္ဗ်ားကို ကြၽန္ေတာ္ မထားခဲ့ဘူး။ သမီးေလးကို ကြၽန္ေတာ္ အဲဒီလို ပစ္မထားခဲ့ႏိုင္ဘူး။

ဘယ္ကို အကူအညီ ေတာင္းရမယ္ မသိ၊ မ်က္စိသူငယ္ နားသူငယ္ဘ၀နဲ႔ ဟိုလူကူႏိုးႏိုး၊ ဒီလူ ကူႏိုးႏိုး ဘ၀မွာ မထားခဲ့ႏိုင္ပါဘူး။ တျခားသူ ထားခဲ့ခ်င္ ထားခဲ့မယ္။

ကြၽန္ေတာ္ မထားဘူး၊ မထားခဲ့ႏိုင္ပါဘူး။

ကားထဲမွာ ေမွာင္ေနလို႔ ကြၽန္ေတာ္ မ်က္ရည္လည္ေနတာ သူျမင္မွာ မဟုတ္ပါဘူး ”

အဲ့ဒီပို႔စ္မွာ ”သမီးေလး ေဖေဖေမေမတို႔ေရဝန္းရံသူေတြလဲ ဘယ္လိုၿခိမ္းေျခာက္မႈနဲ႔မွ ဘက္မေျပာင္းပါဘူး။ victoria ေလးေနရာမွာ ငါ့သမီးေလးဆိုရင္ ငါ့တူမေလး ငါ့ေျမးေလး ငါ့တပည့္ေလးဆိုၿပီး ဆရာသကၠလို ေတြးမိၾကလို႔ပါ။ သမီးေလး အတြက္ အမွန္တရား ေပၚေပါက္တဲ့အထိ ဝန္းရံပါ့မယ္ ” ဆိုတဲ့ ဝန္းရံသူေတြရဲ႕ အားတက္ဖြယ္ရာ စကားကိုလည္း ျမင္ေတြ႕ခဲ့ရၿပီး “Victoria ေလး ေဖေဖက အဓိက ကူညီေနတဲ့သူေတြ ထားသြားမွာ၊ ၀န္းရံေပးတဲ့သူေတြ စိတ္ေလ်ာ့သြားမွာ ေတြးၿပီး စိတ္ပူေနတယ္တဲ့။ အားတင္းထားပါ Victoria ေလး ေဖေဖနဲ႔ေမေမ” လို႔ သမီးေလးမိသားစု အားေပးေနသူေတြကိုလည္း ျမင္ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။

သမီးေလးတို႔မိသားစု အားမငယ္ပါနဲ႔ေနာ္ အၿမဲအတူတူရွိပါတယ္လို႔။ ApannPyay ပရိသတ္ႀကီးတို႔အတူ အမွန္တရားစစ္စစ္ေပၚလာတဲ့တေန႔အထိ အတူတူရွိေနမွာပါ။

မှတ်ချက်ရေးရန်

0 Shares

Comments are Closed

Powered by M.N.T

0 Shares
Share
Tweet
Share
Pin