News

မူးနေတဲ့ လင်ယောက်ျားကို ဓားမနဲ့ ခုတ်သတ်လိုက်တဲ့ မိန်းမ

1 11

မူးနေတဲ့ လင်ယောက်ျားကို ဓားမနဲ့ ခုတ်သတ်လိုက်တဲ့ မိန်းမ1 11လင်က မူးပြီးမယားကိုဓားမြှောင်လေးနဲ့ ရန်ပြု လိုက်တာကို မယားက ဓားမနဲ့ခုတ်သတ်ပလိုက်တယ်—- မှတ်ပလား—- သတိထားကြ- အရက်သမား-ယောက်ျားအပေါင်းတို့

၂၀၁၉ခုနှစ်၊အောက်တိုဘာလ(၅)ရက်၊ည(၈)နာရီအချိန်ခန့်တွင် ကျောက်ဖြူမြို့နယ်၊စည်မော် ကျေးရွာနေ မောင်လှမြင့်(၄၄)နှစ် သည် သူငယ်ချင်းများနှင့်အတူ အရက်သေစာသောက်စားမူးယစ်ကာ နေအိမ်သို့ပြန်လာပြီး နေအိမ်သို့ရောက်သောအခါ ဇနီးဖြစ်သူ မတင်အေး(၄၁)နှစ် နှင့်စကားများရန်ဖြစ်ကြ၍ မောင်လှမြင့်မှ

မတင်အေးအား အရိုးအသွား(၉)လက်မခန့်ရှိ ဓါးမြှောင်ဖြင့်လိုက်ထိုးသောကြောင့် မတင်အေးမှ နေအိမ်ပေါ်တွင်လှည့်ပတ်တိမ်းရှောင်စဉ် နေအိမ်နောက်ဖေးခန်းတွင် အသင့်တွေ့ရှိသည့် အရိုးအသွား(၂၂)လက်မခန့်ရှိ ဓါးမဖြင့်ပြန်လည်ခုတ်ခဲ့ရာ မောင်လှမြင့်မှာ ဝဲဖက်လည်ပင်းပြတ်ရှဒဏ်ရာ(၁)ချက်ရရှိပြီး နေအိမ်ပေါ်တွင်လဲကျသွားခဲ့ရာ မတင်အေးမှ ထပ်မံ၍ဓါးမဖြင့်(၂)ချက်ခုတ်ခဲ့သောကြောင့် လည်ပင်းပြတ်ရှဒဏ်ရာ(၃)ချက်ဖြင့် သေဆုံးသွားခဲ့ပါသည်။

တရားခံ မတင်အေးအား ၎င်း၏နေအိမ်၌ပင် ရဲတပ်ဖွဲ့မှဖမ်းဆီးရမိခဲ့ကာ ကျောက်ဖြူမြို့မရဲစခန်း(ပ)၅၁၁/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့စာမျက်နှာတွင် ဖော်ပြထားပါသည်

Zawgyi

မူးေနတဲ့ လင္ေယာက္်ားကို ဓားမနဲ႔ ခုတ္သတ္လိုက္တဲ့ မိန္းမ1 11

လင္က မူးၿပီးမယားကိုဓားေျမႇာင္ေလးနဲ႔ ရန္ျပဳ လိုက္တာကို မယားက ဓားမနဲ႔ခုတ္သတ္ပလိုက္တယ္—- မွတ္ပလား—- သတိထားၾက- အရက္သမား-ေယာက္်ားအေပါင္းတို႔

၂၀၁၉ခုႏွစ္၊ေအာက္တိုဘာလ(၅)ရက္၊ည(၈)နာရီအခ်ိန္ခန႔္တြင္ ေက်ာက္ျဖဴၿမိဳ႕နယ္၊စည္ေမာ္ ေက်း႐ြာေန ေမာင္လွျမင့္(၄၄)ႏွစ္ သည္ သူငယ္ခ်င္းမ်ားႏွင့္အတူ အရက္ေသစာေသာက္စားမူးယစ္ကာ ေနအိမ္သို႔ျပန္လာၿပီး ေနအိမ္သို႔ေရာက္ေသာအခါ ဇနီးျဖစ္သူ မတင္ေအး(၄၁)ႏွစ္ ႏွင့္စကားမ်ားရန္ျဖစ္ၾက၍ ေမာင္လွျမင့္မွ

မတင္ေအးအား အ႐ိုးအသြား(၉)လက္မခန႔္ရွိ ဓါးေျမႇာင္ျဖင့္လိုက္ထိုးေသာေၾကာင့္ မတင္ေအးမွ ေနအိမ္ေပၚတြင္လွည့္ပတ္တိမ္းေရွာင္စဥ္ ေနအိမ္ေနာက္ေဖးခန္းတြင္ အသင့္ေတြ႕ရွိသည့္ အ႐ိုးအသြား(၂၂)လက္မခန႔္ရွိ ဓါးမျဖင့္ျပန္လည္ခုတ္ခဲ့ရာ ေမာင္လွျမင့္မွာ ဝဲဖက္လည္ပင္းျပတ္ရွဒဏ္ရာ(၁)ခ်က္ရရွိၿပီး ေနအိမ္ေပၚတြင္လဲက်သြားခဲ့ရာ မတင္ေအးမွ ထပ္မံ၍ဓါးမျဖင့္(၂)ခ်က္ခုတ္ခဲ့ေသာေၾကာင့္ လည္ပင္းျပတ္ရွဒဏ္ရာ(၃)ခ်က္ျဖင့္ ေသဆုံးသြားခဲ့ပါသည္။

တရားခံ မတင္ေအးအား ၎၏ေနအိမ္၌ပင္ ရဲတပ္ဖြဲ႕မွဖမ္းဆီးရမိခဲ့ကာ ေက်ာက္ျဖဴၿမိဳ႕မရဲစခန္း(ပ)၅၁၁/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အေရးယူေဆာင္႐ြက္ထားေၾကာင္း ရခိုင္ျပည္နယ္ရဲတပ္ဖြဲ႕စာမ်က္ႏွာတြင္ ေဖာ္ျပထားပါသည္

မှတ်ချက်ရေးရန်

0 Shares

Comments are Closed

Powered by M.N.T

0 Shares
Share
Tweet
Share
Pin