News

ဗစ်တိုးရီးယားလေးရဲ့အမှုနောက်ကွယ် က အစွမ်းကုန် ယုတ်မာကြသူများ

igu

ဗစ်တိုးရီးယားလေးရဲ့အမှုနောက်ကွယ် က အစွမ်းကုန် ယုတ်မာကြသူများigu

၁၀ကြိမ်မြောက် ရုံးချိန်း မှာ WH က CCTV တာဝန်ခံ ရန်နောင်ဌေးကို မစစ်ခင် မှာ ပြီးခဲ့တဲ့ အပတ်က ယူလာ ခဲ့တဲ့ CCTV အထိုင်စက် DVR ကို စစ်ဆေးပေးဖို့ ကျွမ်းကျင်သူ ပညာရှင် ကိုမိုးကနေ စစ်ဆေးပေးခဲ့ပါတယ်။

စစ်ဆေးချက် အရ အခု CCTV ဟာ ကင်မရာ ၃၂ လုံးပါတဲ့ 32 channel ဖြစ် ပါတယ်။ DVR ထဲမှာ hard disk နှစ်လုံးစာ နေရာ ရှိပေမယ့် တလုံးပဲ တွေ့ရတယ် ဆိုပါတယ်။(ကျန်တဲ့တလုံးဟာ ဖြုတ် ထားတာ ထင်ရပါတယ်) စက်ကို စစ်ဆေးကြည့်တဲ့အခါ ရိုက်ကူးခဲ့သော မှတ်တမ်းတွေကို သုံးလ အထိ ပြန်ကြည့်လို့ ရတဲ့ အမျိုးအစား ဖြစ်ပါတယ်။

ဒါပေမယ့် DVR စက်ထဲမှာ ဘာဖိုင် မှ မရှိပဲ ဗလာသက်သက် ဖြစ်နေတာကို တွေ့ရပါတယ်။ ဒီလို ဗလာဖြစ် ဖို့ ဆိုရင် CCTV ထဲကို user name နဲ့ passwords နဲ့ ဝင်ပြီး ဖျက်မှသာ ပျက်နိုင် ပါတယ်။နောက်တခုက ဒီ DVR စက်သည် အချင်းဖြစ်တဲ့ ရက်က တပ်ဆင်ထားတဲ့ DVR ဟုတ်မဟုတ် ပြန်စစ်ဆေးမှ ရပါလိမ့်မယ်။

jubh

ရန်နောင်ဌေးကို ဒေါ်စုဒါလီက cross စစ်မေးတဲ့အခါ ရန်နောင်ဌေးက မသိဘူး ပဲ ဖြေပါတယ်။ ဘယ်သူဖျက်တာလဲ ဆိုတာလည်း မသိဘူး။ အကုန် မသိဘူးပါပဲ။ နောက်ဆုံး CCTV ပညာရှင် ကိုမိုးပြောတာတွေ ပြန်မေးတာတောင်မှ ကျွန်တော် မကြားလိုက်ဘူး လို့ ပြောပါတယ်။

ဟုတ်ကဲ့ ပြောချင်ရာ ပြောပါ။ ဒီCCTV ကို ကိုင်တာ ရန်နောင်ဌေးပါ။ ရန်နောင်ဌေးစီကနေ စီအိုင်ဒီက ယူပါတယ်။ပြီးရင် ရန်နောင်ဌေးစီ ပြန်ပေးပါတယ်။ (မူရင်း သက်သေခံချက်ကို ဘာလို့ ပြန်ပေးသလဲ စဉ်းစားမရပါ) ဒီတော့ ရန်နောင်ဌေးနဲ့ စီအိုင်ဒီ တနေရာရာမှာ မူရင်း သက်သေခွံချက်တွေ ပျက်ပြယ်ခဲ့ပါတယ်။

puo

ဘယ်သူ့မှာ တာဝန်ရှိသလဲ မသိပါ။ ဒါပေမယ့် ဒါဟာ အတော်ကို ရုပ်ပျက်တဲ့ ဖြစ်ရပ်ပါ။ အလကားနေရင် ပျက်သွားနိုင်တာ မဟုတ်ဘူးလို့ ပညာရှင် ကိုမိုးက ပြောခဲ့ပါပြီ။နောက်တခု ဘဝင်မကျတာက ဒီ CCTV မှတ်တမ်းတွေကို ပြန်ဖေါ်ဖို့ လျောက်ထားတော့ တရားသူကြီးက သင့်တော်တဲ့ အချိန်မှာ ခွင့်ပြုမယ် ပြောခဲ့တာပါ။

တကယ်တော့ သင့်တော်တဲ့အချိန်က အခုပါ။ ဘယ်အချိန်မှ သင့်တော်မှာလဲ။ အခု ပြန်ဖေါ်ပြီး အခုရရင် အရေးအကြီးဆုံး သက်သေ ရမှာ မဟုတ်ဘူးလား။ တရားသူကြီးမင်းရဲ့ အတွေးကို လိုက်မမီပါ။ ငြင်းလိုက်သလို ခံစားရပါတယ်

tu

နောက်တခုက စီစီတီဗီ မှတ်တမ်းကို DVR စက်ကနေ ကူးယူရာမှာ တရက်စာ ၂၄ နာရီ တောက်လျောက် ထုတ်ယူလို့ ရပါရဲ့နဲ့ မန်မိုရီ စတစ်ထဲမှာ တနာရီချင်းစီ ထုတ်တာ ဘာလို့လဲ မေးတဲ့အခါ ရန်နောင်ဌေးက စက်က ပေးသလို ထုတ်ရတာဆိုတာမျိုး ဖြေပါတယ်။

ဒီတော့ CCTV ကျွမ်းကျင်သူ ပညာရှင်က သူ့ရှေ့တင် ပြောသွားတာတောင် ကျွန်တော် မကြားလိုက်ပါဘူး ဆိုတဲ့ ရန်နောင်ဌေးဟာ သူ့လက်ထဲမှာ DVR ထဲက ဖိုင်တွေ ပျက်သွားတာကို တစိမ့်စိမ့် ပြန်တွေးနေစေချင်ပါတယ်။ သူတာဝန်ယူချိန်မှာ ပျက်သွားတာ ဒီအတိုင်း ပြီးသွားမယ် မထင်စေ ချင်ပါ။

သက္ကမိုးညို

မှတ်ချက်ရေးရန်

720 Shares

Comments are Closed

Powered by M.N.T

720 Shares
Share720
Tweet
Share
Pin