News

ပန်းတနော်မြို့တွင် အမျိုးသမီး၂ဦး အက်ဆစ်ဖြင့် အပက်ခံရသောအမှု (ရုပ်သံ)

sdthj

ပန်းတနော်မြို့တွင် အမျိုးသမီး၂ဦး အက်ဆစ်ဖြင့် အပက်ခံရသောအမှု (ရုပ်သံ)

sdthj

အောက်ဆုံးတွင် ဗီဒီယိုဖိုင် တင်ပေးထားပါတယ်

၂လကျော်ကြာမြင့်နေသည့် ပန်းတနော်မြို့မှ အမျိုးသမီး၂ဦးအက်ဆစ်ဖြင့်အပက်ခံရသောအမှုအား အမြန်ဆုံးတရားခံ ပေါ်ပေါက် ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း ပန်းတနော်မြို့နယ်ရဲတပ်ဖွဲမှူး ရုံးမှ သိရသည်။

“ကျွန်တော်လည်း ရောက်လာတာမကြာသေးဘူး ဒီကိစ္စက ပြစ်မှုကျူးလွန်သူကိုလည်း ခံရတဲ့သူတွေက အတိအကျ မပြောနိုင် ကြဘူး … စုံစမ်းရတာ အခက်အခဲဖြစ်တာပေါ့ မသင်္ကကာသူတွေ နီးစပ်တဲ့ CCTV တွေအစရှိသဖြင့် ပြန်ပြီး အသေးစိတ်စစ်ဆေးနေပါတယ် …

အမြန်ဆုံး ပေါ် ပေါက်ရေး ညွန်ကြားမှုတွေပေးထားပါတယ် ” ပန်းတနော်မြို့နယ် မြိနယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ဇံက ဇန်နဝါရီ ၉ရက် ကပြောသည်။

srtjrj

ဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီးပန်း ပန်းတနော်မြို့ အနောက်ပိုင်း ရပ်ကွက် အပိုင် ၇ တွင် တစ်ရပ်ကွက်တည်း အိမ်နီးချင်းနေထိုင်သူများ ဖြစ်ကြသည့် မလဲ့လဲ့ဝင်း နှင့် ဒေါ်ခင်ဥမ္မာလင်း တို့သည်

အောက်တိုဘာ ၂၄ရက် ည ၁၁ နာရီချိန်ကမလဲ့လဲ့ဝင်းတို့ အိမ်မှထွက်ပြီး မလဲ့လဲ့ဝင်း၏ နေအိမ်သို့အပြန် လမ်းလျှောက်လာစဉ် အနော်ရထာလမ်းနှင့် စိတ္တသုခလမ်းထောင့်သို့ အရောက်တွင်

ဆိုင်ကယ်ဖြင့်ရုတ်တရက် ရောက်ရှိလာသူ ၂ဦးအနက် ဆိုင်ကယ်အနောက်က ထိုင်လိုက်လာသူက ကြွတ်ကြွတ်အိတ် အမဲ ရောင် အက်ဆစ်အထုပ်ဖြင့် ပစ်ပေါက်ခဲ့၍ နှစ်ဦးစလုံး၏ လက်မောင်း ရင်ဘတ် လည်ပင်းနှင့် မျက်နှာနေရာများ ထိမှန်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။

serhhj

နှစ်ဦးစလုံး၏ အက်ဆစ်လောင်ဒဏ်ရာများကုသရန် ပန်းတနော် မြို့မ ဆေးရုံကြီးသို့ကနဦးပို့ဆောင်ကုသခဲ့သော်လည်း ဒဏ်ရာများမှာ ပြင်းထန်လွန်းတာကြောင့် ညတွင်းချင်း ရန်ကုန်ဆေးရုံကြီးသို့ ဆက်လက် ပို့ဆောင်၍ ၂ လ ကျော်ကြာ ကုသခဲ့ရသည်။

” ကျွန်မကတော့ ညာဘက်မျက်စိကွယ်သွားပြီ ဘယ်ဘက်မျက်စိလည်း မှုံ ဝါးဝါးပဲ ဘယ်မျက်စိမကွယ်အောင် ဆက်ကုနေရတယ် အားလုံးကျပ် သိန်းတစ်ရာကျော်ကုန်နေပြီ …

ဆေးရုံကတော့ ဆင်းလာပြီ ဒါပေမဲ့ အပတ်တိုင်း ဆေးရုံသွားပြ နေရတုန်းပဲ … စနစ်တကျ ကျမကိုလုပ်ကြံတာလို့ယူဆတယ် ကျွန်မတို့လိုမိန်းမသားတွေဒါမျိုး နောက်ထပ် မဖြစ်စေချင်ဘူးအမှုက တရားခံကိုလည်းအမြန်ပေါ်စေချင်တယ် …

ခုလည်းအိမ်မှာ လုံခြုံမှုမရှိလို့မနေရဲဘူး … ဓနုဖြုမြို့မှာ သွားနေတယ် … ကျမတစ်ချိန်တုန်းက တိုင်ကြားဖူးသူက လူငှားပြီး အကြမ်းဖက်တာလို့ပဲ ကျမမြင်တယ်။

srjtrtj

သံသယရှိသူတွေကိုလည်း ရဲတပ်ဖွဲ့ကို ပြောထားပါတယ် ဒါပေမဲ့ခုထိမပေါ်ဘူးဖြစ်နေတယ်”ဟု အက်ဆစ်ဖြင့် အပက်ခံထားရ၍ မျက်စိတဖက် ကွယ်သွားသူ မလဲ့လဲ့ဝင်းက ပြောသည်။

အဆိုပါအမှု့ကို ပန်းတနော်မြို့နယ်မြို့မရဲစခန်းမှ မခင်ဥမ္မာလင်း ၏အဒေါ်ဖြစ်သူမှ တရားလိုလုပ်ကာ အောက်တိုဘာ ၂၄ရက်နေ့က အမှုဖွင့်တိုင်ကြားမှုကြောင့်(ပ)၈၅၈/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၃၂၄ တို့ဖြင့် အမှုဖှုင့်စစ်ဆေးနေကြောင်း သိရသည်။

” ကျနော်ဒီမှာနေတာကြာပါပြီ ဒီလိုဖြစ်စဉ်မျိုး တစ်ခါမှ တသက်နဲ့ တစ်ကိုယ် တစ်ခါမှ မဖြစ်ဘူးပါဘူး အမြန်ပေါ်စေချင်ပါတယ် ကာယကံရှင်ကိုယ်စားလည်း ကျွန်တော်တို့လည်းအရမ်းခံစားရပါတယ်

လုပ်ကြံတဲ့လူတွေက ဒီအရပ်ကလူတွေမဖြစ်နိုင်ဘူးလို့ယူဆတယ် ဒါကြောင့် ဒေသတွင်းရဲတပ်ဖွဲ့ထက်မြင့်တဲ့အထက်အဖွဲ့က တစ်ခုခု လာပြီးစစ်ဆေးဖော်ထုတ်ရင် အမြန်ပေါ်နိုင်ပါတယ် ” အနောက်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းလင်း ကပြောသည်။

မှတ်ချက်ရေးရန်

0 Shares

Comments are Closed

Powered by M.N.T

0 Shares
Share
Tweet
Share
Pin