cele

“ဒေါင်း၊ကျော်ထက်အောင်၊မိုးဟေကို၊ ပိုင်ဖြိုးသုတို့နဲ့ ရုပ်ရှင်ဇာတ်ကားကြီးကိုရိုက်ကူးတော့မယ့် အေးမြဖြူ”

ayemyaphyu

“ဒေါင်း၊ကျော်ထက်အောင်၊မိုးဟေကို၊ ပိုင်ဖြိုးသုတို့နဲ့ ရုပ်ရှင်ဇာတ်ကားကြီးကိုရိုက်ကူးတော့မယ့် အေးမြဖြူ”

ayemyaphyu

မြန်မာအိုင်ဒေါပြိုင်ပွဲကြီးမှာ Winner ဆုကြီးကို မရရှိခဲ့ပေမဲ့လည်း ပရိသတ်တွေရဲ့ ရင်ထဲက ပေးအပ်တဲ့ Winnerဆုကြီးကို ရရှိပိုင်ဆိုင်ထားတဲ့ အေးမြဖြူလေးကတော့ ငယ်စဉ်ကတည်း ကအနုပညာအလုပ်တွေကိုလုပ်ကိုင်နေတဲ့ အနုပညာမှာ ပါရမီပါတဲ့ သူလေးပဲဖြစ်ပါတယ်။မြန်မာအိုင်ဒေါပြိုင်ပွဲကြီး မပြီးဆုံးသေးခင်ကတည်းက ဖျော်ဖြေရေးပွဲတွေကို ဖျော်ဖြေပေးဖို့ ကမ်းလှမ်းခံနေရတဲ့အထိကိုအောင်မြင်မှုတွေရရှိထားတာပဲဖြစ်ပါတယ်။

ayemyaphyu11

လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးကို ပါဝင်ရိုက်ကူးတော့မှာဖြစ်ပြီး ဇာတ်ကားကြီးရဲ့ နာမည်ကတော့”ချစ်ခင်စမှော်ရုံ”လို့ သိရှိရပါတယ်။မင်းသားချော ဒေါင်း၊ကျော်ထက်အောင် ထိပ်တန်းမင်းသမီးတွေဖြစ်တဲ့ မိုးဟေကို၊ ပိုင်ဖြိုးသုတို့နဲ့ အတူ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။အေးမြဖြူကတော့

ayemyaphyu22

“ကဲ သတင်းကောင်းလေးလာပါပြီ။တော်ဝင်မင်းသားရုပ်ရှင်ထုတ်လုပ်ရေးကရိုက်ကူးမယ့် “ချစ်ခင်စမှော်ရုံ” ရုပ်ရှင်ဇာတ်ကားကြီးမှာ မိုးသိုလေးပါဝင်သရုပ်ဆောင်သွားမှာပါရှင်”ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာထက်ကနေ သတင်းကောင်းလေးကို မျှဝေပေးထားတာပဲဖြစ်ပါတယ်။

ayemyaphyu33

ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ မိုးသိုလေးဟာ ငယ်စဉ်ကတည်းက ကလေးသရုပ်ဆောင်အနေနဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ပါဝင်ရိုက်ကူးခဲ့ပေမဲ့ ပညာရေးကို ဦးစားပေးနေတာကြောင့် အနုပညာအလုပ်တွေကို ခဏတာရပ်နားတာပါ။CeleGabar ပရိသတ်ကြီးရေ ငယ်စဉ်ကတည်းက သရုပ်ဆောင်ပီပြင်ခဲ့တဲ့ မိုးသိုလေးရဲ့ သရုပ်ဆောင်စွမ်းရည်တွေကို ပြန်လည်မြင်တွေ့ရတော့မယ်နော်။

မှတ်ချက်ရေးရန်

2K Shares

Comments are Closed

Powered by M.N.T

2K Shares
Share2K
Tweet
Share
Pin