cele

အချစ်ရေးမှာ ဆရာမကြီးလို့ မခံယူထားဘူးဆိုတဲ့ ခင်ဝင့်ဝါ ( ရုပ်သံ )

101 2

အချစ်ရေးမှာ ဆရာမကြီးလို့ မခံယူထားဘူးဆိုတဲ့ ခင်ဝင့်ဝါ ( ရုပ်သံ )

101 2

ကသစ်နီ ဆိုတဲ့ မိန်းကလေးလို ချစ်ဖို့မလွယ်ဘူး။

ခင်ဝင့်ဝါကတော့ အချစ်နဲ့ပတ်သက်လာရင် “ကသစ်နီ” ဆိုတဲ့ကောင်မလေးလို ချစ်နိုင်မှာမဟုတ်ဘူးလို့ဆိုပါတယ်။ သူ ခံယူထားတဲ့ အချစ်ရေးအကြောင်းကိုလည်း ပြောပြခဲ့ပါသေးတယ်။

202 2

ခင်ဝင့်ဝါကတော့ အချစ်ရေးနဲ့ပတ်သက်လာရင် “မိုက်မဲချစ်” ရုပ်ရှင်ဇာတ်ကားထဲက “ကသစ်နက်” ဆိုတဲ့ မိန်းကလေးလို အချစ်မျိုး ချစ်မှာမဟုတ်ဘူးလို့ဆိုပါတယ်။ ကသစ်နက်ရဲ့ အချစ်ရေးအပေါ် သူမရဲ့ အမြင်ကို မီဒီယာ အင်တာဗျူးတွေကနေတဆင့် ဖြေဆိုခဲ့ပါတယ်။

“ ညီမသာဆိုရင်တော့ ဒီဇာတ်ကားထဲက ကသစ်နီလိုမျိုး သည်းမခံနိုင်ဘူးပေါ့။ အချစ်ဆိုတာကိုလည်း အများကြီး အဓိပ္ပာယ်မဖွဲ့တတ်ဘူး။ ချစ်နေရရင်ပြီးပြီ အများကြီးလည်းမမျှော်လင့်ဘူး၊ အများကြီးလည်း မလိုချင်ဘူး။ ကိုယ်လုပ်စရာရှိတာတွေလုပ်မယ်၊ မိသားစုနဲ့ အချိန်ဖြုန်းမယ်။ သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းမယ်။ တကယ်တော့ အချစ်ဆိုတာကလည်း ကိုယ်ချစ်နေရရင်ပြီးပြီ” ဆိုပြီးတော့ ဇန်နဝါရီလ ၆ ရက်နေ့က “မိုက်မဲချစ်” ရုပ်ရှင်ဇာတ်ကား အထူးပြပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။

303 1

လက်ရှိမှာလည်း ခေတ်ကာလအခြေအနေအရ အချစ်ရေးတွေက ချစ်ကြိုက်ကွဲညားတွေ များတယ်လို့ ခင်ဝင့်ဝါက ဆိုပါတယ်။ အခုတွေ့၊ အခုမြင်၊ အခုချစ်၊ နောက်တစ်ယောက်နဲ့တွေ့၊ နောက်တစ်ယောက်ကိုလည်းချစ်တယ်ဆိုတာတွေက မိုက်မဲတဲ့ အချစ်မျိုးဖြစ်ပါတယ်တဲ့။ ခင်ဝင့်ဝါ ရဲ့ အချစ်ရေး ခံစားကတော့ အချစ်ကို ရှုးသွပ်တာမျိုးလည်းမဟုတ်သလို၊ အချစ်ကို ကိုးကွယ်တာမျိုးလည်း မခံစားတတ်ဘူးလို့ ပြောပြခဲ့ပါသေးတယ်။

ခင်ဝင့်ဝါဟာ အချစ်ရေးအကြောင်းအရာတွေအပေါ် သေသေချာချာ လေးလေးနက်နက် တွေးတတ်သူ တစ်ယောက်ပါ။ ဒါပေမယ့် သူမကတော့ အချစ်ဆရာမကြီးတစ်ယောက်မဟုတ်ဘူးလို့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

404 2

“ အချစ်ရေးမှာ ဆရာမကြီးလို့လည်းပြောလို့မရပါဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း ဘယ်လိုမှ မခံယူထားဘူးလေ။ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပုံစံမျိုးနဲ့ အေးအေးဆေးဆေး နေလို့ရမလဲ၊ ကိုယ့်မိသားစုက ကိုယ့်ကို ယုံယုံကြည်ကြည်နဲ့ စိတ်ချနိုင်မယ့် နေရာတစ်ခုခုဆိုရင်ရော ဆိုပြီးတော့ ကိုယ့်ဘာသာကိုယ် တွေးရင်းနဲ့ပဲ စဉ်းစားဆုံးဖြတ်ရတာပေါ့” လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

505 1

ခင်ဝင့်ဝါ ပါဝင်သရုပ်ဆောင်ထားတဲ့ “မိုက်မဲချစ်” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ဇန်နဝါရီလ ၉ ရက်နေ့က စပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ပြသသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ မြင့်မြတ်နဲ့ ရွှေမှုံရတီတို့ကလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ သရုပ်ဆောင်တစ်ယောက်ဖြစ်သလို အလှမယ်တစ်ယောက်လည်း ဖြစ်ပါတယ်။

သူမဟာ ၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံကိုယ်စားပြု Miss Supranational Myanmar တစ်ယောက်ဖြစ်ခဲ့ပြီး ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ အလှမယ်တစ်ယောက်ပါ။ သရုပ်ဆောင်အလုပ်နဲ့ပတ်သက်ပြီး ပညာပေးတဲ့ ဇာတ်လမ်းမျိုးတွေဆိုရင်လည်း အကောင်းဆုံး ကြိုးစားလုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

မှတ်ချက်ရေးရန်

0 Shares

Comments are Closed

Powered by M.N.T

0 Shares
Share
Tweet
Share
Pin