cele

“အောင်ဇမ္ဗူဆရာတော်ဘုရားကြီးရဲ့ စာသင်ကျောင်းအတွက် သိန်း(၅၀)လှူဒါန်းခဲ့တဲ့ စမိုင်းလ်”

smile 5 1

“အောင်ဇမ္ဗူဆရာတော်ဘုရားကြီးရဲ့ စာသင်ကျောင်းအတွက် သိန်း(၅၀)လှူဒါန်းခဲ့တဲ့ စမိုင်းလ်”

smile 5 1

တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားခဲ့တဲ့ မင်းသမီးတစ်လက်ဖြစ်သူ စမိုင်းကတော့ လက်ရှိအချိန်မှာ အမျိုးသမီးတိုင်းလေးစားအားကျနေရသူတစ်ယောက်ပါ။လိုလေသေးမရှိ ဖြည့်ဆည်းပေးတတ်တဲ့ခင်ပွန်းဖြစ်သူနဲ့ လိမ္မာရေးခြားရှိတဲ့သမီးလေးနှစ်ဦးကို ပိုင်ဆိုင်ထားရုံမက ကျန်းမာလှပတဲ့ခန္ဓာကိုယ်ကိုပါ ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။

smiles 1 1

စမိုင်းလ်ကတော့ မိသားစုကိုတန်ဖိုးထားချစ်ခင်သူပီပီ ကိုယ်လှူနိုင်လာတဲ့အချိန်မှာ ခင်ပွန်းဖြစ်သူရဲ့မွေးလတစ်လလုံး အလှူတွေဆက်တိုက်ဆိုသလို ပြုလုပ်ခဲ့ပြီး မကြာသေးခင်က ကျရောက်ခဲ့တဲ့ သမီးကြီးရဲ့မွေးနေ့မှာလည်း ရွှေတိဂုံဘုရားမှာ လူအယောက်တစ်ထောင်စာ ထမင်းနဲ့ဟင်းကျွေးမွေးခဲ့ပါသေးတယ်။ဒါ့အပြင် နောက်တစ်ရက်မှာလည်း လူအယောက်

smile 9

(၁၃၀၀)နီးပါး သစ်တံခါးဆရာတော်ကြီးရဲ့အဓိဌာန်အဆင်ပြေလွယ်ကူချောမွေ့စွာ လုပ်ဆောင်နိုင်ရေးအတွက် ကား၊မနက်စာ နဲ့ညစာတို့ကိုပါ တာဝန်ယူစီစဉ်ပေးခဲ့တာပါ။အလှူလုပ်ရင်ဆက်တိုက်ဆိုသလို လုပ်တတ်တဲ့စမိုင်းလ်ကတော့ မနေ့ကလည်း အောင်ဇမ္ဗူဆရာတော်ကြီးရဲ့ဆောက်လုပ်ပြီးစီးသွားပြီဖြစ်တဲ့ စာသင်ကျောင်းအတွက် စာသင်ခန်းတစ်ခန်းစာ သိန်း(၅၀)ဆက်ကပ်လှူဒါန်းလိုက်ပါသေးတယ်။

smiles 3 1

စမိုင်းလ်ကတော့ လှူတဲ့နေရာမှာထိပ်တန်းလို့ ဆိုရလောက်အောင် အလှူရေစက်လက်နဲ့မကွာဆိုသလို ဆက်တိုက်လှူဒါန်းနေတာပါ။ဒါ့အပြင် သူတို့ရဲ့မင်္ဂလာနှစ်ပတ်လည်နေ့မှာလည်း လူအယောက်(၁၅၀၀) ကိုရွှေတိဂုံနဲ့ကျိုက်ထီးရိုးဘုရားကို ပို့ပေးနိုင်ဖို့လည်း စီစဉ်နေတာပါ။အလှူရေစက်လက်နဲ့မကွာဆိုသလို လှူဒါန်းလေ့ရှိတဲ့စမိုင်းလ်ကိုတော့ မိန်းကလေးတိုင်းက လေးစားအားကျနေရတာဖြစ်ပြီး သူ့ရဲ့ဒီလထဲမှာ လှူဖြစ်ခဲ့တဲ့ အလှူတွေကို သာဓုခေါ်ဆိုနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်နော်။

မှတ်ချက်ရေးရန်

446 Shares

Comments are Closed

Powered by M.N.T

446 Shares
Share446
Tweet
Share
Pin