1

ဥတ္တရခရိုင် ဒုရဲတပ်ဖွဲ့မှူးအပါအဝင် ရဲ ၃ ဦးကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်

rayy

ဥတ္တရခရိုင် ဒုရဲတပ်ဖွဲ့မှူးအပါအဝင် ရဲ ၃ ဦးကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်

rayy

ဖမ်းဆီးထားသူကို နှိပ်စက်ပြီး ငွေတောင်းခံခဲ့တဲ့ နေပြည်တော် ဥတ္တရခရိုင် ဒုရဲတပ်ဖွဲ့မှူးအပါအဝင် ရဲ ၃ ယောက်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အမှုဖွင့်လိုက်ပါတယ်။

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်မှာ ရန်ဖြစ်တာမှာပါလို့ဆိုပြီး စွပ်စွဲဖမ်းဆီးခံခဲ့ရသူဟာ ဂိမ်းဆိုင်ကနေ ဖမ်းခံရတာဖြစ်ပြီး ညှဉ်းပန်းနှိပ်စက်ခံရတာ၊ ငွေတောင်းခံရတာတွေကြောင့် ချမ်းအေးသာစံမြို့နယ်၊ အမှတ် ၃ နယ်မြေ ရဲစခန်းက တပ်ဖွဲ့ဝင်တွေကို စိစစ်အရေးယူပေးဖို့ ကော်မရှင်ကို တိုင်ကြားလာခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာမှာ လက်ရှိ နေပြည်တော် ဥတ္တရခရိုင် ဒု ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းနိုင်ဟာ အဲဒီတုန်းက ချမ်းအေးသာစံမြို့နယ်ရဲတပ်ဖွဲ့မှူးဖြစ်ပြီး အမှုကိစ္စ အဆင်ပြေစေဖို့အတွက် ဖမ်းဆီးခံထားရသူရဲ့ အဖေဆီကနေ ငွေ ၂ သိန်းကျပ် ရယူခဲ့တယ်ဆိုတာ ပေါ်ပေါ်ခဲ့တယ်လို့ ကော်မရှင်က ထုတ်ပြန်ပါတယ်။

rayy

ပြီးတော့ လက်ရှိ ကမ္ဘာလှည့်ခရီးသွား လုံခြုံရေးရဲတပ်ဖွဲ့က ရဲအုပ်ကျော်သူဟာ အဲဒီတုန်းက စခန်းမှူး ဖြစ်ပြီး အမှုသက်သာစေဖို့ ငွေ ၂ သိန်း၊ အိုးဘိုထောင်ကို မပို့စေဖို့အတွက် ငွေ ၂ သိန်း တောင်းခံခဲ့သလို အမှုစစ် ဒုရဲအုပ် ထွန်းထွန်းလင်းက ဖမ်းဆီးခံထားရသူ နှိပ်စက် မခံရစေဖို့အတွက် ငွေ ၁ သိန်းခွဲ၊ ဖမ်းဆီးသိမ်းဆည်းထားတဲ့ ဆိုင်ကယ်ပြန်ရဖို့အတွက် ငွေ ၂ သိန်းခွဲ ရယူခဲ့တယ်ဆိုတာ ပေါ်ပေါက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် သူတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ချမ်းအေးသာစံမြို့နယ်၊ အမှတ် ၃ နယ်မြေရဲစခန်းမှာ ဇွန် ၁၄ ရက်နေ့က ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်ပြီး တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ပြစ်မှုကျူးလွန်ခဲ့သူတွေကို ဖမ်းဆီးထားတယ်လို့ မဖော်ပြထားတာကြောင့် လက်ရှိမှာ သူတို့အခြေအနေကို မသိရဘဲ အဂတိလိုက်စားမှုနဲ့ အမှုဖွင့်ခံရပြီး ထွက်ပြေးနေသူ အယောက် ၂၀ ရှိနေတယ်လို့ ရဲတပ်ဖွဲ့က ကြေညာထားပါတယ်။

မှတ်ချက်ရေးရန်

60 Shares

Comments are Closed

Powered by M.N.T

60 Shares
Share60
Tweet
Share
Pin