1

နေ့အလင်းရောင်အောက်မှာတောင် လူသတ်ဖို့ ကြိုးစားလာသူ

gfaydz 1

နေ့အလင်းရောင်အောက်မှာတောင် လူသတ်ဖို့ ကြိုးစားလာသူတွေ ကျနော် မနက်က ဖြစ်ဖြစ်ချင်းမှာတော့ ပို့စ်တစ်ခုတင်ခဲ့ပါသည်။

gfaydz 1

နေ့အလင်းရောင်အောက်မှာတောင် လူသတ်ဖို့ ကြိုးစားလာသူတွေ

ကျနော် မနက်က ဖြစ်ဖြစ်ချင်းမှာတော့ ပို့စ်တစ်ခုတင်ခဲ့ပါသည်။

ယနေ့ မနက် ၆ ; ၃၀ ခန့် ….ရက နပတ အမြန်လမ်းမ၏ မိုင်တိုင် ၂၀ – ၂၁ အကြား ….ကျနော့ကားရှေ့မှ သွားနေသော Alphard ကားအောက်သို့ ဆူးချွန်များပါသော သစ်သား (သို့) သံချောင်းတစ်ချောင်းကို ပစ်သွင်းကာ ကားမှောက် လူသေလောက်အောင် လုပ်ကြံရန်ကြိုးစားပုံကို တွေ့လို့ ဘောနက်ကြီးရဲစခန်းကို ဝင်သတင်းပို့ခဲ့တဲ့အကြောင်းပါ။

အခုမှ အလုပ်တွေပြီးလို့လူတဖက်သားကိုလည်း မတရားစွပ်ဆွဲရာရောက်မစိုးလို့ ကိုယ့်ကား black box ကို ကွန်ပြူတာနှင့်ပြန်ကြည့်ရာ ပုံ ၁နှင့်၂တွင် အဆိုပါ လူက Alphard ကားအောက်သို့ အားယူ ပစ်လိုက်ပုံကို တွေ့ရပါမည်။ပြီးတော့ ရှောင်ချိန်မရအောင် ရပ်ထားတဲ့ကားခေါင်းရှေ့ အကွယ်ကနေ ထွက်ပစ်တာပါ။

gfaydz 2

ပုံ ၃ ကတော့ သူ ပစ်ထည့်လိုက်သော သံ(သို့) သစ်သားချောင်းပါ။(ပုံအရ ကိုယ်တောင် သီသီလေး ကပ်လွတ်သွားပုံရသည်။ Alphard နောက် ကပ်လိုက်လာပါက သူလွတ်သွားသော်လည်း ကိုယ် ဂန့်နိုင်ပုံပါ။ အဲ့ အချိန် ၁၀၀ စွန်းစွန်း မောင်းနေပါသည်။)

ပုံ ၄ ကတော့ လူနှင့်ကားပါ…(Resolution ပြင်ပြီး ကားနံပတ်ရအောင် ကြည့်ပေးနိုင်သူများကို Org Video ပို့ပေးနိုင်ပါသည်။ ကျနော်ကြည့်ရသလောက်တော့ တစ်ခုခုနှင့် ပုံဖျက်ထားပုံ ရပါသည်။

ပုံ ၅ အရ အဖွဲ့လိုက် ဖြစ်ပုံရပါသည်။ ပစ်သောနေရာမရောက်ခင် မလှမ်းမကမ်းမှာကတည်း က လူတယောက်ရပ်နေပြီး ပစ်တာကို ကြည့်နေတာ တွေ့ရပါသည်။

အရင်ကတော့ …..အဆိုပါ ဇာတ်လမ်းမျိုးတွေကြားနေရ၍ ညပိုင်းသာ ဖြစ်တတ်တယ် ထင်ပြီး ဘေးကင်းရန်ကွာ အချိန်ပေးပြီး မနက်မှ ထွက်လာတာတောင်အခုလို မနက်ခင်း လင်းလင်းချင်းချင်းမှာ လုပ်လာကြတော့ ကျနော်တို့ပိုသတိထားဖို့လိုလာသလို တရားဥပဒေစိုးမိုးမှုနှင့် အဆိုပါပြစ်မှုမျိုးကို ထိထိရောက်ရောက် စံပြအရေးယူဖို့ အချိန်တန်ပြီလို့ ယုံကြည်ပါသည်။

gfaydz 3

ကျနော့လို တစ်ကိုယ်တော် ခရီးသွားများ ပို သတိထားရန်….အထူးသဖြင့် မိန်းကလေးများ ပိုသတိထားရန် လိုလာကြောင်း နေ့ပိုင်းမောင်းတာပဲဆိုပြီး ပေါ့ပေါ့တန်တန်မမောင်းဘဲ သတိထား မောင်းကြစေချင်ကြောင်းပါ။

တခြားသူများကိုလည်း မျှဝေပေးပါ။ အားလုံး ဘေးကင်းကြပါစေ……။ မျိုးသန်းထွန်း ၁၃ ၆ ၁၉ …..မှတ်ချက်။ ။ (Video ကတော့ Date မပြင်ထားလို့ မှားနေပါသည်။)

မှတ်ချက်ရေးရန်

0 Shares

Comments are Closed

Powered by M.N.T

0 Shares
Share
Tweet
Share
Pin