1

နေ့ခင်းကြောင်တောင်ရက်ရက်စက်စက်သတ်သွားတဲ့ သာကေတလူသတ်မှု ရုပ်သံ မှတ်တမ်းထွက်ပေါ်

bdiu 1
bdiu 1

သာကေတ ရှုခင်းသာအိမ်ရာမှာ ဆန်ဆိုင်ရှင် အမျိုးသမီးကို ရိုက်သတ်ပြီးပစ္စည်းလုသွားသည့်အမှု CCTV မှတ်တမ်းနှင့်တကွ

လူသတ်တရားခံဖမ်းမမိသေးပါသဖြင့် ဒီစာကို ထပ်မံမျှဝေပြီး တင်လိုက်ရခြင်းဖြစ်ပါသည်။ Share ပေးခြင်းဖြင့် ကူညီပေးကြပါ ခင်ဗျာ …။

ကျွန်တော်နှင့်ဇနီး မမိုးသီတာတို့သည် အိမ်ထောင်သက် ၁၃နှစ်အတွင်း ပင်ပန်းဆင်းရဲစွာ ရိုးရိုးသားသား ရုန်းကန်ရှာဖွေရပ်တည် နေထိုင်ခဲ့ရ ပါသည်။

bdiu 5

ဒုက္ခဆင်းရဲမျိုးစုံကိုလည်း ရိုးရှင်းစွာဖြတ်သန်းခဲ့ပါသည်။ မည်သူ့ကိုမှ လည်းဒုက္ခမပေးခဲ့ပါဘူး။ ထမင်းစားဖို့မရှိရင်တောင် လင်မယားနှစ်ယောက် ဘယ်သူမှမသိအောင် မုန့်တခုကို နှစ်ယောက် မျှစားပြီးရေသောက် အဲ့ဒီလိုဖြတ်သန်းလာခဲ့ရတယ်။

ဒီလိုနဲ့ကြိုးစားရုန်းကန်ရင်း. ဇနီးဖြစ်သူရဲ့အစားအသောက်၊အလှအပ၊အ၀တ်အထည်မှအစ အရာအားလုံးကို ဘေးဖယ်၍ အနစ်နာခံ စုတ်စုတ် ပျက်ပျက်ပင်ပန်းဆင်းရဲကြီးစွာ နေထိုင်ပြီး ရည်မှန်းချက် ပန်းတိုင်ရောက်အောင်ကြိုးစားစုဆောင်း၍ ဆန်နှင့်ကုန်စုံဆိုင်လေး တည်နိုင်ခဲ့ပါသည်။

bdiu 6

သူ့ရဲ့မျော်လင့်ချက် ရောင်နီလေးစမြင်ရုံရှိသေး ..စိတ်ကူးယဉ် ပျော်ရွှင်နေတဲ့အချိန် 18.3.2019 နေ့လည်1:00ရီခန့်တွင် ဈေးဆိုင်၌ ၀ယ်သူရှင်း၍ အိပ်ပျော်နေစဉ် သွေးအေးလူသတ်သမား၏ သတ်ဖြတ် ပစ္စည်းလုယူခြင်းခံခဲ့ရပါသည် ။

ယနေ့ဆိုရင်2လပြည့်ခဲ့ပါပြီ။ တရားခံ၏ အစအနပင် မသိရှိရသေးပါ။တရားခံသည် အမှုကျူးလွန်ရန် ရည်ရွယ်ချက်ရှိရှိ စတင်လာရောက်ရာ လမ်းတလျောက်နှင့် ပြန်ထွက်ခွာရာ လမ်းတလျောက်ကို CCTV မှတ်တမ်းတွင်တွေ့ရှိရပါသည်။

bdiu 8

တရားခံကိုအမြန်ဆုံးဖမ်းမိနိုင်ရန် လုပ်ဖော်ကိုင်ဖက်သူငယ်ချင်း မိတ်ဆွေအပေါင်းအသင်းအားလုံး ရှယ်ပေးကြပါခင်ဗျာ။ ကျွန်တော့်ဇနီးလို နောက်တဦးတယောက်ရဲ့ အလှည့်ရောက်လာမှာ ကိုလည်း စိုးရိမ်မိပါသည်။ အကူအညီပေးနိုင်သူများအားလုံးကလည်း ကူညီပေးစေချင်ပါသည်ခင်ဗျာ။

နှစ်ယောက်ပေါင်းရပ်တည်ခဲ့ရတဲ့ ဘ၀တခုယိုင်လဲပြိုပျက်ခဲ့ရပါပြီ။

မိန်းခလေးတယောက်အိပ်ပျော်နေချိန်လုပ်ရဲတဲ့ ဇ၊စိတ်ဓာတ်၊ဉီးနှောက်၊ စရိုက်.ရှိတဲ့ ရက်စက်ယုတ်မာတဲ့ တရားခံတွေ အမြန်ဆုံး ဖမ်းဆီးရမိ နိုင်ပါစေ။ Credit – Zin Moe

မှတ်ချက်ရေးရန်

Comments are Closed

Powered by M.N.T

5K Shares
Share5K
Tweet
Share
Pin