International News

ကွယ်ရာမှာဖောက်ပြန်နေတဲ့ ဇနီးချောကို အရှင်လတ်လတ် မီးရှို့သတ်ခဲ့တဲ့ ခင်ပွန်း

meeshootmuphisp089099 1

ကွယ်ရာမှာဖောက်ပြန်နေတဲ့ ဇနီးချောကို အရှင်လတ်လတ် မီးရှို့သတ်ခဲ့တဲ့ ခင်ပွန်း

meeshootmuphisp089099 1

ကမ္ဘောဒီးယားနိုင်ငံတောင်ပိုင်း တက်ကီယိုစီရင်စု၊ ဘာတီခရိုင်၊ Trapeang Sab မြို့ငယ်လေးမှာ အိမ်ထောင်သည် အမျိုးသားတစ်ယောက်ဟာ ဇနီးဖြစ်သူကို အရှင်လတ်လတ် မီးရှို့သတ်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ဖြစ်စဉ်အသေးစိတ်မှာ ခင်ပွန်းက ဇနီးသည် ဖောက်ပြန်နေတယ်လို့ ယုံကြည်ခဲ့တာပါ။

အမျိုးသားရဲ့နာမည်ကတော့ Prum Tam ဖြစ်ပြီး အသက်(၃၇)နှစ်ပါ။ သေဆုံးသူ ဇနီးရဲ့နာမည်ကတော့ Loas Sreyne ဖြစ်ပြီး ခင်ပွန်းနဲ့ အသက်တူဖြစ်ပါတယ်။ Tam ဟာ ဇနီးသည် Facebook ပေါ်မှာ သိတဲ့လူတစ်ယောက်နဲ့ ဖောက်ပြန်နေတာကို သိရှိနေပြီး-

နီးစပ်သူတွေကလည်း Loas ဟာ ဝတ်ကောင်းစားလှတွေ ဝတ်ဆင်ကာ လင်ငယ်နဲ့ နေ့တိုင်းလိုလို ချိန်းတွေ့တယ်လို့ သတင်းပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ နောက်ဆု့း Tam ဟာ သည်းမခံနိုင်တော့တဲ့အဆုံး အိမ်ကို ဓာတ်ဆီလောင်းပြီး မီးနဲ့ရှို့ဖို့ ကြိုးစားခဲ့တာပါ။

meshootmuphiaboor874531 3

ဇနီးဖြစ်သူ Loas အမြန်ရောက်လာခဲ့ပြီး တားဆီးချိန်မှာတော့ ဓာတ်ဆီပုံးက သူမအတွက်ဖြစ်သွားခဲ့ပါတယ်။ သူမကို ဓာတ်ဆီနဲ့လောင်းကာ မီးရှို့ခဲ့သလို၊ Tam ဟာ ကိုယ်တိုင်လည်း သေကြောင်းကြံစည်ခဲ့ပါတယ်။ ဒါပေမယ့် ဇနီးဖြစ်သူ Loas ကတော့ နေရာမှာပင် သေဆုံးခဲ့ပြီး၊

Tam ကတော့ စိုးရိမ်ရမီးလောင်ဒဏ်ရာတွေနဲ့ စောင့်ကြည့်နေရဆဲပါ။ Tam ဟာ Phnom Tamao Wildlife Rescue Centre မှာ ဆင်ဦးစီးအဖြစ် ဆောင်ရွက်နေသူဖြစ်ပြီး၊ သူ့လည်ပင်းကိုလည်း ဓားနဲ့လှီးခဲ့သေးတယ်လို့ သိရပါတယ်။ သားနှစ်ယောက်ကိုတော့ အိမ်နီးနားချင်းတွေက အမြန်ကယ်ဆယ်နိုင်ခဲ့ပါတယ်။

meshootmuphiaboor874531 2meshootmuphiaboor874531 1

Tam ဟာ မကြာသေးခင်က ဖောက်ပြန်နေတဲ့ဇနီးကို မပေါင်းနိုင်တော့ဘူးဆိုပြီး ရွာလူကြီးတွေရှေ့မှောက်မှာ ကွာရှင်းဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် ရွာလူကြီးတွေက သားနှစ်ယောက်လည်း ရှိနေတာမို့ နားချဖြောင်းဖျခဲ့ပြီး၊ Loas ကလည်း အနေထိုင်ဆင်ခြင်မယ်လို့ ကတိပေးခဲ့ပါတယ်။

သို့ပေမယ့် Loas ဟာ Facebook ပေါ်က ချစ်သူကို မပြတ်နိုင်ဘဲ၊ ခင်ပွန်းသည် တိရစ္ဆာန်ရုံမှာ အလုပ်သွားချိန်ကို အခွင့်ကောင်းယူကာ ကွယ်ရာမှာ ဖြစ်ချင်တိုင်းဖြစ်နေခဲ့ပါတယ်တဲ့။ နောက်ဆုံးတော့ သည်းမခံနိုင်တဲ့ခင်ပွန်းဟာ အခုလို ဆိုးဆိုးရွားရွား ပြစ်မှုကျူးလွန်သည်အထိ လုပ်ဆောင်ခဲ့ပါတော့တယ်။ ရဲကတော့ စုံစမ်းစစ်ဆေးနေဆဲပါ။

မှတ်ချက်ရေးရန်

Comments are Closed

Powered by M.N.T

8K Shares
Share8K
Tweet
Share
Pin