International News

ရေကြီးပြီး မိ​ကျောင်း အိမ်​​ခေါင်​မိုး​ပေါ်အထိ တက်လာတဲ့ ဗွီဒီယိုဖိုင်

czfb

ရေကြီးပြီး မိ​ကျောင်း အိမ်​​ခေါင်​မိုး​ပေါ်အထိ တက်လာတဲ့ ဗွီဒီယိုဖိုင်

czfb

ရေကြီးပြီး မိ​ကျောင်း အိမ်​​ခေါင်​မိုး​ပေါ်အထိ တက်လာတဲ့ ဗွီဒီယိုဖိုင်

ရ​ဘေးအန္တရာယ်​ရင်​ဆိုင်​​နေရတဲ့ အိန္ဒိယနိုင်​ငံ၊ Karnataka ပြည်​နယ်မှာ ဒုက္ခ​တွေကြားထဲကပဲ ထူးခြားဖြစ်​စဉ်​တစ်​ခု ရှိခဲ့ပါတယ်​။ ပြည်​နယ်​မှာ ​ရေလွှမ်းမိုး​မှု​ကြောင့်​ ​နေအိမ်​​တွေ​ဟာ ​ရေထဲစုန်းစုန်းမြုပ်​ကုန်​ပြီး ​အိမ်​​ခေါင်​မိုး​တွေကိုသာ မြင်​ရ​တော့တဲ့ အ​ခြေအ​နေပါ။

ဒီထဲက ​နေအိမ်​တစ်​လုံး​ရဲ့ ​ခေါင်​မိုး​ပေါ်မှာ​တော့ မိ​​ကျောင်းကြီးတစ်​​ကောင် ထီးထီးကြီး တင်​​​လာတာကို အံ့အားသင်​ဖွယ်​ရာမြင်​​တွေ့ခဲ့ရပြီး ဒီမြင်​ကွင်းကို အစအဆုံးမှတ်​တမ်းယူရိုက်​ကူးထားတဲ့ ဗွီဒီယိုဖိုင်​ဟာ လူ​​တွေရဲ့အမိုက်​စား​ထောက်​ခံအား​ပေးမှု​တွေ​ကြောင့်​ လူမှုကွန်​ရက်​မှာ ​ကျော်​ကြားလို့​နေပါတယ်​။

fgjnd

အိမ်​​ခေါင်​မိုး​ပေါ် မိ​ကျောင်းကြီးမတင်​ခင်​၊ ပြည်​နယ်​တွင်းမှာ ​ရေကြီးရုံသာကြီးပြီး ​​နေအိမ်​မြှုပ်​​အောင်​ထိ ​ရေလွှမ်းမိုးမှုမရှိ​ခင်​ ရက်​ပိုင်းအလိုကတည်းက မိ​ကျောင်းကြီးက ​ရေထဲမှာ​ရောက်​ရှိ​နေပြီး တိတ်​တဆိတ်​နဲ့ လှုပ်​ရှား​နေတာကိုလဲ ရုပ်​သံထဲမှာမြင်​​တွေ့ခဲ့ရတာ လန့်​ထိတ်​စရာ​ကောင်းခဲ့ပါတယ်​။

မိ​ကျောင်းကြီးဟာ ​ရေထဲက​နေတစ်​ဆင့်​ လမ်း​ပေါ်က​ခွေး​လေးတစ်​​ကောင်​ကိုပါ အတင်းကိုက်ဆွဲ၊ ​​ဖမ်းဆွဲစားဖို့လုပ်​ခဲ့တာကိုလဲ ကြက်​သီးထဖွယ်​ရာ​တွေ့မြင်​ခဲ့ရပြီး ​ခွေး​လေးက​တော့ အသက်​​ဘေးကသီသီ​လေးလွတ်​​မြောက်​သွားခဲ့တာပါ။

gkmf

ဒီ ဗွီဒီယိုကို Hindustan Times သတင်းမီဒီယာဌာနက​နေ တင်​ဆက်​​ပေးသွားခဲ့တာဖြစ်​ပြီး တုန်​လှုပ်​ဖွယ်​ရာ မိ​ချောင်းကြီးရဲ့ဗွီဒီယို အ​တော်​​လေး​ရေပန်းစား​သွားခဲ့တာပဲ ဖြစ်​ပါတယ်​။ ​မြွေပူရာကင်း​မှောင့်​ဆိုသလိုပဲ ​ရေ​ဘေးဒဏ်​ရင်​ဆိုင်​​နေရတဲ့ ပြည်​နယ်​တွင်း ​ဒေသခံပြည်​သူ​တွေဟာ မိ​ချောင်းကြီးရဲ့ အန္တရာယ်​ပြုခြင်းခံခဲ့ရ​သေးသလား ဆိုတာ​တော့ အတိအကျ မသိရှိရ​သေးပါဘူ

Viral video: Crocodile on roof of submerged house in flood-hit Karnataka

August 13,2019ရေဘေးရင်ဆိုင်နေရတဲ့ အိန္ဒိယ နိုင်ငံ Karnataka မှာ ရေမြုပ်နေတဲ့ နေအိမ်တစ်လုံးပေါ်မှာ တွေ့ ရတဲ့ မိချောင်းကြီးဖြစ်ပါတယ်။sawThe house was submerged due to floods in Karnataka's Belgaum. The video dates to August 11. Karnataka is one of the states reeling under severe rain and flooding.

Geplaatst door Social Action for Children and Women – SAW op Maandag 12 augustus 2019

မှတ်ချက်ရေးရန်

920 Shares

Comments are Closed

Powered by M.N.T

920 Shares
Share920
Tweet
Share
Pin