International News

ဘောလုံးကွင်းကိုအပတ်(၂၀)ပြေးဖို့ ဒဏ်ပေးခံရတဲ့ ကျောင်းသားလေးအမောဆို့သေဆုံး

gft

ဘောလုံးကွင်းကိုအပတ်(၂၀)ပြေးဖို့ ဒဏ်ပေးခံရတဲ့ ကျောင်းသားလေးအမောဆို့သေဆုံးgft

အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝေစီမှာ အသက်(၁၄)နှစ်အရွယ် ကျောင်းသားလေးဟာ ပြီးခဲ့တဲ့သောကြာနေ့က ကျောင်းကို သတ်မှတ်ချိန်ထက် (၂၅)မိနစ်နောက်ကျပြီးမှ ရောက်ခဲ့ကြောင်း၊ ဆရာဖြစ်သူက ဒီကိစ္စကို အလွန်ဒေါသထွက်ပြီး၊ ဘောလုံးကွင်းကို အပတ်(၂၀)ပြေးဖို့ ဒဏ်ပေးခဲ့ပါသတဲ့။

ကျောင်းသားလေးဟာ (၂)ပတ်ပြေးပြီးနောက် တစ်ကိုယ်လုံး တုန်ခိုက်အောင် မောလာခဲ့လို့ နားပါရစေ တောင်းပန်ပေမယ့် ဆရာက နားခွင့် မပေးခဲ့ပါဘူး။ ကျောင်းသားလေးရဲ့အမည်ကိုတော့ Fanly လို့ သတင်းတွေက ဖော်ပြထားပါတယ်။ သူ ပြေးနေချိန်မှာ နေကလည်း အလွန်ပြင်းပါတယ်။

သတ်မှတ်ထားတဲ့ အပတ်ရေမပြည့်မီမှာ ကျောင်းသားလေးဟာ ဟက်ထိုးလဲကျသွားပါတယ်။ ဒဏ်ပေးတဲ့ဆရာကတော့ ဒီကောင်လေး ဟန်ဆောင်နေတာဆိုပြီး သွားပြီးတွဲမခေါ်ဖို့၊ တစ်ခြားလူတွေကို ပြောခဲ့ပေမယ့်၊ Fanly ဟာ မျက်ဖြူလန်နေပါပြီ။

နောက်တော့ သူဟာ နှလုံးခုန်ရပ်တန့် သေဆုံးသွားပါတယ်။ WorldOfBuzz မှာ ဖော်ပြချက်အရ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကိုလည်း ကျောင်းက နောက်ကျချိန်မှ အကြောင်းကြားခဲ့ပါတယ်တဲ့။

ကျောင်းသားလေးက သေဆုံးနေပါပြီ။ မိဘတွေကတော့ ဆရာ့ကို လူသတ်မှုနဲ့ အမှုဖွင့်ထားပါတယ်။

Zawgyi

ေဘာလုံးကြင္းကိုအပတ္(၂၀)ေျပးဖို႔ ဒဏ္ေပးခံရတဲ့ ေက်ာင္းသားေလးအေမာဆို႔ေသဆုံးgft

အင္ဒိုနီးရွားႏိုင္ငံ၊ ဆူလာေဝစီမွာ အသက္(၁၄)ႏွစ္အ႐ြယ္ ေက်ာင္းသားေလးဟာ ၿပီးခဲ့တဲ့ေသာၾကာေန႔က ေက်ာင္းကို သတ္မွတ္ခ်ိန္ထက္ (၂၅)မိနစ္ေနာက္က်ၿပီးမွ ေရာက္ခဲ့ေၾကာင္း၊ ဆရာျဖစ္သူက ဒီကိစၥကို အလြန္ေဒါသထြက္ၿပီး၊ ေဘာလုံးကြင္းကို အပတ္(၂၀)ေျပးဖို႔ ဒဏ္ေပးခဲ့ပါသတဲ့။

ေက်ာင္းသားေလးဟာ (၂)ပတ္ေျပးၿပီးေနာက္ တစ္ကိုယ္လုံး တုန္ခိုက္ေအာင္ ေမာလာခဲ့လို႔ နားပါရေစ ေတာင္းပန္ေပမယ့္ ဆရာက နားခြင့္ မေပးခဲ့ပါဘူး။ ေက်ာင္းသားေလးရဲ႕အမည္ကိုေတာ့ Fanly လို႔ သတင္းေတြက ေဖာ္ျပထားပါတယ္။ သူ ေျပးေနခ်ိန္မွာ ေနကလည္း အလြန္ျပင္းပါတယ္။

သတ္မွတ္ထားတဲ့ အပတ္ေရမျပည့္မီမွာ ေက်ာင္းသားေလးဟာ ဟက္ထိုးလဲက်သြားပါတယ္။ ဒဏ္ေပးတဲ့ဆရာကေတာ့ ဒီေကာင္ေလး ဟန္ေဆာင္ေနတာဆိုၿပီး သြားၿပီးတြဲမေခၚဖို႔၊ တစ္ျခားလူေတြကို ေျပာခဲ့ေပမယ့္၊ Fanly ဟာ မ်က္ျဖဴလန္ေနပါၿပီ။

ေနာက္ေတာ့ သူဟာ ႏွလုံးခုန္ရပ္တန႔္ ေသဆုံးသြားပါတယ္။ WorldOfBuzz မွာ ေဖာ္ျပခ်က္အရ အေရးေပၚကယ္ဆယ္ေရးအဖြဲ႕ကိုလည္း ေက်ာင္းက ေနာက္က်ခ်ိန္မွ အေၾကာင္းၾကားခဲ့ပါတယ္တဲ့။

ေက်ာင္းသားေလးက ေသဆုံးေနပါၿပီ။ မိဘေတြကေတာ့ ဆရာ့ကို လူသတ္မႈနဲ႔ အမႈဖြင့္ထားပါတယ္။

မှတ်ချက်ရေးရန်

0 Shares

Comments are Closed

Powered by M.N.T

0 Shares
Share
Tweet
Share
Pin