International News
ဗိုက်ဆာလို့ ရဲစခန်းကိုဖုန်းလှမ်းဆက်တဲ့ကလေးလေးကို ကိုယ်တိုင်မုန့်လာပို့ပေးခဲ့တဲ့ ရဲအရာရှိ
fgyj
ဗိုက်ဆာလို့ ရဲစခန်းကိုဖုန်းလှမ်းဆက်တဲ့ကလေးလေးကို ကိုယ်တိုင်မုန့်လာပို့ပေးခဲ့တဲ့ ရဲအရာရှိfgyj
အမေရိကန်ပြည်ထောင်စု၊အရီဇိုးနားပြည်နယ်၊ နေတဲ့အသက်(၅)နှစ်သားအရွယ်ကလေးတစ်ယောက်ဟာဗိုက်ဆာတဲ့အတွက်မက်ဒေါနယ်ဆိုင်ကနေ မုန့်စားချင်တဲ့အကြောင်းကိုကိုယ်တိုင်ကိုယ်ကျရဲစခန်းကိုဖုန်းဆက်ခဲ့ပါတယ်။ရဲအရာရှိကအသေအချာမေးခဲ့ပြီးတဲ့ကလေးဆီကိုမုန့်လာပို့တဲ့အဖြစ်ပြီးခဲ့တဲ့နေ့ကဖြစ်ကွားခဲ့ပါတယ်။
ချာလီလို့ခေါ်တဲ့အသက်(၅)နှစ်သားအရွယ်ကောင်လေးဟာဒေသရဲစခန်းမီဆာပူးလစ်ရဲဌာနကိုဖုန်းဆက်ခဲ့ပါတယ်။ သူဟာမက်ဒေါနယ်စားချင်းနေကြောင်းနဲ့ အခုအချိန်မှာဗိုက်ဆာနေကြောင်းကို လှမ်းပြောခဲ့ပါတယ်။အရာရှိအန်တိုနီက ဖုန်းကိုင်ခဲ့ပြီးသားလေးအလျင်လို့နေလားလို့ ပြန်မေးခဲ့ပါတယ်။ကလေးကဟုတ်တယ်လို့ပြောခဲ့ချိန်မှာလိပ်စာကိုလိုက်မှတ်ထားခဲ့ပါတယ်။
နောက်တော့စခန်းကအရာရှိ စကော့ဗဲလ်ဒက်စ်ကသူကင်းလှည့်ရမယ့်အချိန်နဲ့တိုက်ကာဖုန်းဆက်ပြီး (၁၅)မိနစ်အကြာမှာပဲကလေးရှိတဲ့နေရာကိုမက်ဒေါနယ်နဲ့အတူလာပို့ပေးခဲ့ပါတယ်။ချာလီရဲ့ မိသားစုတွေအိမ်မှာရှိနေကြပေမဲ့ဖုန်းဆက်လိုက်တာကိုမသိလိုက်ဘဲအရာရှိရောက်လာမှဖြစ်ကြောင်းကုန်စင်ကိုသိခဲ့ရပါတယ်။
အရာရှိက ကလေးငယ်နဲ့အတူတူ ဓာတ်ပုံရိုက်ကာစခန်းရဲ့မီဆာပူးလစ်ဖေ့ဘုတ်ပေ့မှာတင်ခဲ့ကာအခုလိုကလေးတွေက တောင်းဆိုတဲ့ဝန်ဆောင်မှုတွေကိုလည်း စခ်နးကလျစ်လျူမရှုပါဘူးလို့ဆိုခဲ့ပါတယ်။ဒါပေမဲ့အရာရှိကသေချာရှင်းပြခဲ့တာက ကလေးကအခုလိုမှာတာကိုသူကလာပို့ခဲ့ရတာမျိုးကသူ့ကိုတကယ်လိုအပ်တဲ့နေရာမျိုးတွေလွတ်သွားနိုင်တာကြောင့်
ရဲဌာနရဲ့စည်းကမ်းလေးတွေကိုသတိပြုပေးဖို့လိုမယ်လို့ပြည်သူတွေကို အသိပေးခဲ့ပါတယ်။လက်ရှိအချိန်မှာပျော်စရာ နေ့လယ်စာဆိုတဲ့ကလေးလေးတွေကအရာရှိကိုမုန့်မှာတဲ့ကိစ္စက ရေပန်းစားနေတဲ့အပေါ် ရဲဌာနကအခုလို ပြန်ရှင်းပြခဲ့တာလည်းဖြစ်ပါတယ်။
Zawgyi
မှတ်ချက်ရေးရန်
2K Shares
Comments are Closed
Powered by M.N.T
2K Shares
Share2K
Tweet
Share
Pin