Local News

မန္တလေးတွင် AA အဖွဲ့ဝင်ဟု ယူဆရသူ လေးဦးကို ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းမိ

1 50

မန္တလေးတွင် AA အဖွဲ့ဝင်ဟု ယူဆရသူ လေးဦးကို ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းမိ1 50

မန္တလေးတွင် AA အဖွဲ့ဝင်ဟု ယူဆရသူ လေးဦးကို ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းမိ

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် AA လက်နက်ကိုင်အဖွဲ့ဝင်ဟု ယူဆရသည့် အမျိုးသားလေးဦးကို ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ယနေ့ (စက်တင်ဘာ ၁၀ ရက်) နံနက်ပိုင်းက ဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။1 50

ချမ်းမြသာစည်မြို့နယ် မြို့သစ် ၅ ရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးတွင် ယနေ့ (စက်တင်ဘာလ ၁၀ ရက်) နံနက် ၁၀ နာရီခန်အချိန်က ယင်းအမျိုးသားလေးဦးနှင့်အတူ ဒီတိုနိတ်တာ တစ်ထောင်ခန့်နှင့် ဖောက်ခွဲရေးယမ်းများကို ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။

“လေးဦးဖမ်းမိတာပါ။ ဒီတိုနိတ်တာနဲ့ ယမ်းတွေမိထားတယ်။ အသေးစိတ်နဲ့ နာမည်တွေ ဘာတွေတော့ ကျွန်တော်ဆီ အတိအကျ မရောက်သေးဘူး။ လတ်တလောမှ အမှတ် ၁၁ စခန်းမှာပဲ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ထားတယ်”ဟု ယင်းရဲအရာရှိက ပြောကြားသည်။1 50

မန္တလေးမြို့တွင် ဩဂုတ်လ ၁၄ ရက်နေ့ ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ် တိုက်ခိုက်ခံရပြီးနောက်ပိုင်းတွင် မြို့တွင်းနေရာများနှင့် ဝင်ထွက်ဂိတ်များတွင် လုံခြုံရေးအင်အား တိုးချဲ့ဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးအချက်အခြာကျသည့်နေရာများတွင် တပ်မတော်နှင့် ရဲတပ်ရင်းတို့မှ လုံခြုံရေး ဆောင်ရွက်လျက်ရှိသည်။

မှတ်ချက်ရေးရန်

0 Shares

Comments are Closed

Powered by M.N.T

0 Shares
Share
Tweet
Share
Pin