Local News

PUBG ဆော့ဖို့ ဖုန်းဘေဖိုးမပေးရာကနေ အဖေကိုဓားနဲ့ ခုတ်သတ်ခဲ့သု

1 51

PUBG ဆော့ဖို့ ဖုန်းဘေဖိုးမပေးရာကနေ အဖေကိုဓားနဲ့ ခုတ်သတ်ခဲ့သု1 51

PUBG ဆော့ဖို့ ဖုန်းဘေဖိုးမပေးရာကနေ အဖေကိုဓားနဲ့ ခုတ်သတ်ခဲ့သု

အိန္ဒိယနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ သားက အဖေကို ဓားနဲ့ ပြန်ခုတ်သတ်ခဲ့တဲ့ အမှုတစ်ခုမှာ ဖြစ်ပွားခဲ့ရတဲ့ အဓိက အကြောင်းအရင်းဟာ အင်တာနက်ဂိမ်း PUBG ဆော့ဖို့ ဖုန်းဘေဖိုးမပေးရာကနေ ဒေါသထွက်ပြီးဖြစ်ခဲ့တာပါလို့ နာမည်ကြီး Bangalore Mirror သတင်းစာကနေ ဖော်ပြခဲ့ပါတယ်။2 43

ဖြစ်စဉ်အသေးစိတ်ကို အပန်းပြေမီဒီယာရဲ့ နားလည်မှုအရ အိန္ဒိယနိုင်ငံ၊ Belagavi မှာ နေတဲ့ အသက် (၂၅)နှစ်အရွယ် Raghuveer Kumbar ဆိုတဲ့ ကျောင်းသား တစ်ယောက်ဟာ ဂိမ်းကိုအခြေခံတဲ့ပြဿနာပေါ် မူတည်ပြီး အသက် (၆၀)အရွယ် အဖေဖြစ်သူ Shankrappa Kumbar အငြိမ်းစား ရဲအရာရှိကို အပိုင်းပိုင်း ခုတ်ဖြတ်ခဲ့မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။2 41

ဖခင်ကို မီးဖိုချောင်သုံး ဓားနဲ့ ခုတ်ခဲ့တဲ့ သားရဲ့ အဓိက ပြဿနာစဖြစ်တဲ့အကြောင်းရင်းအနေနဲ့ အရင်ကတည်းက ဖုန်းသုံးတဲ့ ကိစ္စရပ်လေးတွေ ရှိခဲ့တယ်လို့ဆိုပါတယ်။ ဖုန်းပဲ အမြဲသုံးနေသလို မသုံးဖို့ပြောရင်လည်း ပြဿနာ ခဏခဏတက်နေတဲ့အတွက် သားအဖတွေကြားမှာ အဆင်မပြေခဲ့ပါဘူး။

တစ်ရက်မှာ သားအဖနှစ်ယောက်စကားများရင်းနဲ့ သားက ပြတင်းပေါက်တွေကို ဖျက်ဆီးခဲ့လို့ ပတ်ဝန်းကျင်က ရဲကို ဖုန်းဆက်ခဲ့ပါတယ်။3 38

နောက်နေ့မနက်မှာတော့ မနက်အစောကြီး (၅)နာရီလောက်မှာ PUBG ပစ်ဖို့ အင်တာနက်ဖိုးကို တောင်းခဲ့ချိန်မှာ အရင်ဖြစ်ခဲ့တဲ့အရှိန်တွေပါပေါင်းပြီး၊ ဒေါသတွေနဲ့အတူ မှားပါတော့တယ်။ အမေဖြစ်သူကို အခန်းတံခါးထဲပိတ်ထည့်ခဲ့ကာ အဖေကို မီးဖိုချောင်ကို တရွတ်ဆွဲခေါ်သွားပြီး၊ အသင့်ရှိနေတဲ့ ဓားမနဲ့ အပိုင်းပိုင်းခုတ်ခဲ့ပါတယ်။

အသံတွေကြားကတည်းက ရဲကို ဖုန်းဆက်ထားတဲ့အိမ်နီးချင်းတွေကြောင့် အဝေးကိုထွက်မပြေးနိုင်ခင်မှာပဲ မိခဲ့ပြီး၊ လူသတ်မှုအပြင် တခြားစွဲချက်တွေနဲ့ လက်ရှိမှာ စွဲချက်တင်၊ အကျဉ်းချထားတယ်လို့ သိရပါတယ်။4 29

လက်ရှိမှာ PUBG ကို အပန်းပြေ ပရိသတ်တွေ အပါအ၀င် လူသန်း (၂၀၀)ကျော် ဆော့နေကြပြီး၊ အချိန်ပြည့် လိုင်းပေါ်မှာ လူသန်း (၃၀)လောက်နေ့တိုင်း ဆော့နေကြတယ်လို့ တရားဝင် ၀က်ဘ်ဆိုက်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

မှတ်ချက်ရေးရန်

0 Shares

Comments are Closed

Powered by M.N.T

0 Shares
Share
Tweet
Share
Pin