Local News

ဖခင်ဖြစ်သူကို သားဖြစ်သူမှ အဝတ်လျှော်သည့်တုတ်ဖြင့် ရိုက်နက် ဖခင်ဖြစ်သူ သေဆုံး

gdhj

ဖခင်ဖြစ်သူကို သားဖြစ်သူမှ အဝတ်လျှော်သည့်တုတ်ဖြင့် ရိုက်နက် ဖခင်ဖြစ်သူ သေဆုံးgdhj

ဖခင်ဖြစ်သူကို သားဖြစ်သူမှ အဝတ်လျှော်သည့်တုတ်ဖြင့် ရိုက်နက် ဖခင်ဖြစ်သူ သေဆုံး

ကချင်ပြည်နယ် မိုးကောင်းမြို့ မြို့ဦးရပ်ကွက်၌ စက်တင်ဘာ ၉ ရက်ညပိုင်းက မိခင်ဖြစ်သူနှင့် စကားများရန်ဖြစ်သည့်ဖခင်ကို မကြေနပ်၍ အဝတ်လျှော်သည့်တုတ်ဖြင့် ရိုက်ခဲ့သဖြင့် ဖခင်ဖြစ်သူသေဆုံးခဲ့ကြောင်း မိုးကောင်းမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၉ ရက် ည ၉ နာရီခွဲက မိုးကောင်းမြို့၊ မြို့ဦးရပ်ကွက်နေ ဒေါ်စိမ်းစိမ်းအေး(ခ)အန်းချော(၃၆ နှစ်)သည် ခင်ပွန်းဖြစ်သူ ဇော်လင်းထွန်း(၃၉ နှစ်)နှင့် ဓာတ်ဗူးပေါင်နှံသည့်ကိစ္စဖြင့် စကားများရန်ဖြစ်ပြီး အိပ်ခန်းထဲတွင်အိပ်နေစဉ် ဇော်လင်းထွန်း(သေဆုံးသူ)၏ အခန်းတွင်းမှ အော်သံကြား၍ သွားရောက်ကြည့်ရှုရာ101 67

သားဖြစ်သူ ဇော်ဟိန်း(၁၆ နှစ်)၏လက်ထဲတွင် အဝတ်လျှော်ဖွတ်သည့် သစ်သားတုတ်အား ကိုင်ဆောင်ထားသည်ကို တွေ့ရှိရပြီး ခင်ပွန်းဖြစ်သူမှာ ဦးခေါင်းချိုစောင်းတွင် ပေါက်ပြဲဒဏ်ရာနှင့် နှာခေါင်းမှသွေးများထွက်ကာ မှောက်လျက်လဲနေသည်ကိုတွေ့ရှိရကြောင်း၊ သွေးများကို ဆေးကြောပြီး နောင်ကိုင်တော်ရပ်ကွက်နေ ခဲအိုဖြစ်သူကို သွားရောက်ခေါ်ဆောင်၍ ခင်ပွန်းဖြစ်သူအား မိုးကောင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ သားဖြစ်သူဇော်ဟိန်းအား အပြစ်ဖြစ်မည်စိုးသဖြင့် မိုးကောင်းရဲစခန်းတွင် မဟုတ်မမှန် သတင်းပေးတိုင်တန်းခဲ့ကြောင်း သိရသည်။1023 1

ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ဆေးပေါ်ပေါ်ချက်များအရ ဇော်ဟိန်းမှာ ဒေါသအလျှောက် ရိုက်နှက်ရာမှ လူသေဆုံးသည်အထိဖြစ်ခဲ့ပြီး စိမ်းစိမ်းအေး(ခ)အန်းချောမှာ အခင်းဖြစ်ပွားရာနေရာမှ သွေးကွက်များကို ဖျောက်ဖျက်ခြင်း၊ ရဲစခန်းသို့ လိမ်လည်တိုင်တန်းခြင်းတို့ကြောင့် ဇော်ဟိန်းနှင့် စိမ်းစိမ်းအေး(ခ)အန်းချောတို့နှစ်ဦးအား မိုးကောင်းမြို့မရဲစခန်းတွင် အမှုကြီးအမှတ်စဉ် ၃/၂၀၁၉၊ (ပ)၉၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂/၁၁၄/၂၀၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မှတ်ချက်ရေးရန်

0 Shares

Comments are Closed

Powered by M.N.T

0 Shares
Share
Tweet
Share
Pin