Local News

ကိုကိုညီညီ၏ မိခင် ဒေါ်ဥမ္မာလှိုင်ကို ရှေ့နေ ဒေါ်စုဒါလီအောင်က နိုင်လွတ်လုံ ပုဒ်မဖြင့် ပြန်တရားစွဲမည်

1 6

ကိုကိုညီညီ၏ မိခင် ဒေါ်ဥမ္မာလှိုင်ကို ရှေ့နေ ဒေါ်စုဒါလီအောင်က နိုင်လွတ်လုံ ပုဒ်မဖြင့် ပြန်တရားစွဲမည်1 6

ဗစ်တိုးရီးယားအမှုမှာ သံသယတရားခံ အောင်ကြီးရဲ့ ရှေ့နေ ဒေါ်စုဒါလီအောင်ကို ရဲစခန်းမှာ ကနဉီးအမှုဖွင့်ခဲ့တဲ့ ဒေါ်ဥမ္မာလှိုင်ကို နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို အကာအကွယ်ပေးရေးဉပဒေနဲ့ တရားပြန်စွဲမယ်လို့ တရားလွှတ်တော်ရှေ့နေ ဉီးသိန်းသန်းဉီးက ပြောဆိုလိုက်ပါတယ်။Wisdom Hill ကျောင်းကြီးကြပ်ရေးမှူးလဲဖြစ် ဗစ်တိုးရီးယား လေးထွက်ဆိုခဲ့တဲ့ ကိုကိုငယ် ၊ ကိုကို ကြီး ၏ မိခင်လဲ ဖြစ်တဲ့ ဒေါ်ဥမ္မာလှိုင်ကို အမှုရဲ့ သံသယ တရားခံ ကိုအောင်ကြီး၏ ရှေ့နေ ဒေါ်စုဒါလီအောင်က နိုင်လွတ်လုံ ပုဒ်မနဲ့ ပြန်လည်တရားစွဲဆိုသွားမယ်လို့ ပြောပါတယ်။3 6

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တရားရုံးမှာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဉပဒေနဲ့ တရားစွဲခံထားရတဲ့ ဒေါ်စုဒါလီအောင်ဘက်က လိုက်ပါဆောင်ရွက်မယ့် ရှေ့နေ ဉီးသိန်းသန်းဉီးက ဒီကနေ့ ပထမဆုံးအကြိမ် ရုံးချိန်းအပြီးမှာ အခုလို ပြောဆိုသွားတာ ဖြစ်ပါတယ်။2 6

ဗစ်တိုးရီးယားအမှု တရားခွင်ထွက်ဆိုချက်တွေအပေါ် မီဒီယာတွေကို ဖြေကြားရာမှာ ၎င်းရဲ့ သားနှစ်ဉီး ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို အကာအကွယ်ပေးရေးဉပဒေအပါအဝင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဉပဒေတို့နဲ့ Wisdom Hill ကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က ပတ္တာရဲစခန်းမှာ ဩဂုတ်လ ၃၁ရက်နေ့က အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။4 4

ရဲစခန်းဘက်က ဥပဒေအကြံပြုချက် တောင်းခံရာမှာတော့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို အကာအကွယ်ပေးရေးဉပဒေနဲ့ ငြိစွန်းမှုမရှိဘူးဆိုပြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဉပဒေနဲ့ပဲ ပုဗ္ဗသီရိမြို့နယ်တရားရုံးမှာ ဒေါ်စုဒါလီအောင်ကို တရားစွဲတင်ခဲ့တာပါ။

ဒီကနေ့ ပထမဆုံး ရုံးချိန်းမှာ ပုဗ္ဗသီရိမြို့နယ်တရားရုံးကို ဒေါ်ဥမ္မာလှိုင်လည်း လာရောက်ခဲ့ပါတယ်။5 3

ဒေါ်ဥမ္မာလှိုင်အနေနဲ့ ရှေ့နေ ဒေါ်စုဒါလီအောင်အပြင် သံသယတရားခံအောင်ကြီးရဲ့ ရှေ့နေ ဦးခင်မောင်ဇော်၊ တရားလိုရှေ့နေ ဒေါ်ရွက်နုအောင်တို့အပြင် ဗစ်တိုးရီးယားရဲ့ ဖခင်၊ ဗစ်တိုးရီးယားရဲ့ ဦးလေး၊ ဗစ်တိုးရီးယားရဲ့ အဒေါ်နဲ့ ဗစ်တိုးရီးယားအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ သက္ကမိုးညို အကောင့်ပိုင်ရှင် ဒေါက်တာဝင်းကိုကိုသိန်းတို့ကိုပါ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဉပဒေနဲ့ စက်တင်ဘာ ၂၆ရက်နေ့က ထပ်မံပြီး အမှုဖွင့်ထားပါတယ်။

Unicode








မှတ်ချက်ရေးရန်

0 Shares

Comments are Closed

Powered by M.N.T

0 Shares
Share
Tweet
Share
Pin